ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာပြင် ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု
နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြ သူများက တိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ကမာကြည်လမ်းထောင့်ရှိ ဇီဝက ကိုဗစ်- ၁၉ ရောဂါကုသရေးစင်တာသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူ နာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စင်တာပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများအားကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။