ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အဖွဲ့ဝင်များအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ်လ ၂၈
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဆူပူမှုဖြစ်ပွားစေရန် လူမှုကွန်ယက် စာမျက်နှာ ပေါ်၌ ရေးသားလှုံ့ဆော်သူ ဇော်နိုင်ဦး အား အတွင်းပဒံကျေးရွာ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၀ ရက်တွင် ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာ၌ ရဲထွန်းတောက်နှင့် ကြည်ပြာဝင်းတို့ ၂ ဦး အားလည်းကောင်း၊ ဩဂုတ်လ ၁၁ ရက်တွင် လှိုင်သာယာ(အရေှ့ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၌ တင်ဝင်းလှိုင်၊ အောင်လေး၊ လှိုင်မိုးဝင်း နှင့် ဝိုင်းချစ်သူတို့ ၄ ဦးအား လည်းကောင်း၊ ထန်းတပင်မြို့နယ်၊ ရေတလိကျေးရွာ၌ သားဇော်၊ ခင်မျိုးဦး နှင့် တင့်ဝေ တို့ ၃ ဦးအား လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာ၌ ရဲသွေး၊ နိုင်ဝင်းနှင့် အေးကိုကိုအောင် တို့ ၃ ဦးအား လက်လုပ်ဗုံး ၄၃ လုံးဖြင့်လည်းကောင်း၊ တင်ဝင်းလှိုင် ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၂ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ဟိန်းသီဟ အားလည်းကောင်း၊ တရားခံများ၏ ထွက်ဆိုချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာ အရှေ့ဘက်ရှိ ကုလားကြီး (ဖမ်းဆီးရန်ကျန်)၏ လယ်တဲ၌ ဖောက်ခွဲ ရေးပစ္စည်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကိုအောင် နှင့် ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၄ ရက်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ သက်နိုင်ထွေး အား လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းတည်းခိုခန်း၌ ဇော်ဝင်းမြင့် နှင့် ဇော်ဇော်ထူး တို့ ၂ ဦးအားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်များ အရ အမှတ်(၆)ရပ်ကွက်ရှိ ရွှေလမင်းမိုတယ်၌ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ၉ မမ ကျည် ၁၀ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကိုအောင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၄ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အောင်နန္ဒဦး နှင့် ရဲထူးဇင် တို့ ၂ ဦးအား လည်းကောင်း၊ ဩဂုတ်လ ၁၇ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်၌ ရဲရင့်အောင် အား လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရဲရင့်အောင် ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၈ ရက်တွင် ကမာရွတ်မြို့နယ်၌ မျိုးမင်း အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ စမ်းချောင်း မြို့နယ်၌ ဇော်ဇော်မိုး၊ ဟိန်းရူပါအောင် နှင့် ပိုင်စိုးမိုး တို့ ၃ ဦး အား ပွိုင့်-22 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၄၃ တောင့်နှင့် ဆက်စပ်ပစ္စည်း များအား လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်၌ ညီညီထွန်း အား လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ ဝင်းကို(ဖမ်းဆီးရန်ကျန်) နေထိုင်သည့် ကမာရွတ် မြို့နယ်၊ (၅)ရပ်ကွက် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၄ လုံးအား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ဇော်မိုး ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၉ ရက်တွင် လှိုင်မြို့နယ်၌ ခိုင်ခိုင်လွင် အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၂ လုံး၊ ပွိုင့်-၂၂ ကျည် ၂ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ကမာရွတ် မြို့နယ်၊ (၅)ရပ်ကွက်ရှိ တိုက်ခန်းမှ လက်လုပ်မိုင်း ၁၁ လုံး၊ အသံဗုံး ၁၁ လုံး၊ ယမ်းတောင့် ၈ တောင့်၊ ယမ်းထုပ် ၄ ထုပ်၊ ဒီတိုနေတာ ၆ ချောင်းနှင့် ဆက်စပ် ပစ္စည်းများအား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဟိန်းရူပါအောင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၌ ဆက်စပ်တရားခံ ဇေယျာဖြိုး နှင့် ဇနီးဖြစ်သူ ခိုင်လင်းထက်ကျော်တို့ ၂ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၁ ရက်တွင် ဗဟန်းမြို့နယ်၌ အောင်စည်တိုး အား Icon ၂ လုံးဖြင့်လည်းကောင်း၊ မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၌ စည်သူလွင် အား လည်းကောင်း၊ လှိုင်သာယာမြို့နယ်၌ သူရစိုး အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်ခိုင်လွင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၃ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဇော်မင်းထွန်း၊ ဝင်းသော်တာ၊ သိန်းဇော်၊ မျိုးသီဟ၊ သက်ထွဋ်ဇော်၊ ဝေယံသိန်း (ခ)ဗစ်တာနှင့် သီဟဇော် တို့ ၇ ဦးအား ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၂၈၃ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၅ ရက်တွင် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ ဗန္ဓုလအိမ်ရာရှိ တိုက်အမှတ်(၂၆)၌ ဟိန်းကျော်လွင် နှင့် နှင်းအိဝေဇော် တို့ ၂ ဦးအားလည်းကောင်း၊ ဟိန်းကျော်လွင်၏ ထွက်ဆိုချက်အရ ဗန္ဓုလ အိမ်ရာရှိ တိုက်အမှတ်(၄၉)၌ ထက်လွင်ဦး အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၀ တောင့်တို့နှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအနက် ရဲရင့်အောင်နှင့် ညီညီထွန်း တို့သည် KNLA တပ်မဟာ(၁)နယ်မြေတွင် လည်းကောင်း၊ ဇော်ဇော်မိုး၊ ဇော်မင်းထွန်း၊ သီဟဇော်၊ ပိုင်စိုးမိုးနှင့် ခိုင်ခိုင်လွင် တို့သည် KNLA တပ်မဟာ(၂)နယ်မြေတွင် လည်းကောင်း၊ ရဲသွေး၊ အေးကိုကိုအောင်၊ အောင်နန္ဒာဦးနှင့် ရဲထူးဇင် တို့သည် KNLA တပ်မဟာ(၆)နယ်မြေတွင် လည်းကောင်း၊ ဇော်နိုင်ဦး၊ အောင်စည်တိုးနှင့် သူရစိုး တို့သည် KNLA တပ်မဟာ(၇)နယ်မြေတွင် လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းများ အသီးသီးတက်ရောက် ခဲ့ကြောင်း သိရှိရသည်။
ဝေယံသိန်း(ခ) ဗစ်တာ သည် KNLA တပ်မဟာ (၂)နယ်မြေ၌ ဖောက်ခွဲရေး သင်တန်းဖွင့်လှစ်စဉ် ပစ္စတို (၁)လက်နှင့် ကျည်ဆံများအား တပ်မဟာ(၂)မှ ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဖောက်ခွဲရေးသင်တန်းဆင်း အဖွဲ့များနှင့် ချိတ်ဆက်၍ စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်၊ တာမွေမြို့နယ်တို့တွင် တိုက်ခန်းများ ငှားရမ်းနေထိုင်ကာ လက်လုပ်မိုင်းများအား ပြုလုပ်ခဲ့ပြီး အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများနှင့် ငွေကြေးရယူ၍ လုပ်ကြံသတ်ဖြတ်ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လှိုင်သာယာမြို့နယ်၊ ဗဟန်း မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်း မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် လက်လုပ်မိုင်း ဖောက်ခွဲမှု ၁၉ ကြိမ် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖောက်ခွဲမှုများတွင် လှိုင်သာယာမြို့နယ်၊ ဖောက်ခွဲရေး တာဝန်ခံ နေလင်းထွန်း(ခ)ထွန်းလင်း (ဖမ်းဆီးရန်ကျန်) ခေါင်းဆောင်သည့်အဖွဲ့မှ-
- မေလ ၁၁ ရက်တွင် လှိုင်သာယာမြို့နယ်၊ စည်ပင်သာယာရေးရုံးနှင့် မေလ ၂၉ ရက်တွင် ကမ္ဘောဇဘဏ်အနီး ကားမှတ်တိုင်၌ လည်းကောင်း။
- ဇွန်လ ၁၆ ရက်တွင် (၁၀၃)ကားမှတ်တိုင်နှင့် (၁၀၃)မှတ်တိုင်အနီးရှိ City Mark အရှေ့တို့တွင် လည်းကောင်း။
- ဇူလိုင်လ ၂၃ ရက်တွင် လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား လည်းကောင်း။
- ဩဂုတ်လ ၁ ရက်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ အမှတ်(၁၀) ရပ်ကွက်၊ ကုလားကြီးစုကျေးရွာအတွင်းတို့ရှိ Mytel တာဝါတိုင် ၃ ခုအား လည်းကောင်း။
- စုစုပေါင်း ၈ ကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ဝေယံသိန်း (ခ)ဗစ်တာ ခေါင်းဆောင်သည့်အဖွဲ့မှ-
- ဇွန်လ ၁၆ ရက်တွင် ဗဟန်းမြို့နယ်၊ ကုက္ကိုင်းမီးပွိုင့်ယာဉ်ထိန်းရုံးအား လည်းကောင်း။
- ဇူလိုင်လ ၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ Music Zone KTV အား လည်းကောင်း။
- ဇူလိုင်လ ၇ ရက်တွင် မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်၊ မီတာရုံးရှေ့ အဝင်ပေါက်အား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနကားမှတ်တိုင်အနီး အား လည်းကောင်း၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ ဝင်းသူဇာ အရောင်း ဆိုင်ရှေ့အား လည်းကောင်း။
- ဇူလိုင်လ ၈ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် တံတားအောက်တွင် လည်းကောင်း။
- ဩဂုတ်လ ၆ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ ရဲစခန်းအနီး အမှိုက်ပုံး၌ လည်းကောင်း။
- ဩဂုတ်လ ၁၄ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးတို့အား လည်းကောင်း။
- ဩဂုတ်လ ၁၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ EPC ရုံးရှေ့တွင် လည်းကောင်း။
- စုစုပေါင်း ၁၁ ကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ဩဂုတ်လ ၁၇ ရက်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်နေ ဦးတင်လှ(မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်)အား လုပ်ကြံသတ်ဖြတ်ရာတွင် ဖမ်းဆီးရမိတရားခံ ဇော်ဇော်မိုး၊ ညီညီထွန်းနှင့် ဖုန်းနိုင်၊ ဆံရှည်(ဖမ်းဆီးရန်ကျန်)တို့မှ ပူးပေါင်းလုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အဖွဲ့အား အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ရန် စေခိုင်းသူများမှာ NLD ပါတီမှ မြတ်မင်းသူ (၂၀၁၅ ခုနှစ် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း)နှင့် အကြမ်းဖက် အဖွဲ့စည်းဖြစ်သော NUG မှ မကေနှင့် NLD ပါတီမှ ဖြိုးဇေယျာသော် (၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း) တို့ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တာဝန်သိပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်ပြီး အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ် နေသော လှိုင်သာယာမြို့နယ် PDF အဖွဲ့ဝင် ၁၁ ဦး၊ ထန်းတပင်မြို့နယ် PDF အဖွဲ့ဝင် ၅ ဦး၊ ကွမ်းခြံကုန်းမြို့နယ် PDF အဖွဲ့ဝင် ၆ ဦး၊ စမ်းချောင်း/လှိုင်မြို့နယ် PDF အဖွဲ့ဝင် ၆ ဦး၊ သင်္ဃန်းကျွန်းမြို့နယ် PDF အဖွဲ့ဝင် ၃ ဦး နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် PDF အဖွဲ့ဝင် (၇) ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် PDF အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၄၁ ဦးတို့ အား ပွိုင့်-22 သေနတ် ၁ လက်၊ ပစ္စတို ၄ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၃၂၉ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် ၂၅ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈၁ လုံး၊ အသံဗုံး ၁၁ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။