ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ဩဂုတ် - ၂၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့နံနက် ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲရုံး၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၍ ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။