နေပြည်တော် ၊ ဇွန် - ၃
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH ၊ NUG အဖွဲ့များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အဖျက် အမှောင့်လုပ်ငန်းများ၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေး ရှာဖွေသတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထံ ဖောက်ခွဲရေးသင်တန်းသားများ စေလွှတ်ပေးလျက်ရှိသည့် သော်ဇင်အောင်၊ ၃၈ နှစ်၊ (ဘ)ဦးမြင့်အောင်နှင့် ဇနီးဖြစ်သူ ကေသွယ်လွင်၊ ၃၈ နှစ်၊ (ဘ) ဦးဌေးလွင်တို့အား မေ ၁၈ ရက်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်းရပ်ကွက်၊ Star City အိမ်ရာ၊ တိုက်(B2)၊ အခန်းအမှတ်(၆၀၉)ရှိ နေအိမ်၌ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ ကျည် ၉၉ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ SUZUKI SWIFT အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 7D/---- ၁ စီး၊ ဆူပူအကြမ်းဖက်မှုလှုံ့ဆော်သည့် စာရွက်စာတမ်း မျိုးစုံပါ အထုပ် ၁ ထုပ်၊ အခြားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
သော်ဇင်အောင်၏ ထွက်ဆိုချက်အရ ညီညီ(NLD တောင်ဒဂုံလွှတ်တော် ကိုယ်စားလှယ်ဟောင်း)နှင့် ချိတ်ဆက်၍ တောင်ဒဂုံစက်မှုဇုန်၊ တွံတေးမြို့နယ်တို့တွင် အင်အား ၂၅ ဦးခန့်အား စစ်သင်တန်းပေးခြင်း၊ ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် လက်နက်ကိုင်အဖွဲ့အစည်းထံသို့ သင်တန်းသားများစေလွှတ်ခြင်း၊ ရန်ကုန်မြို့အတွင်း လက်နက်သယ်ဆောင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကိုဂျိုး(စိစစ်ဆဲ) ဦးဆောင်၍ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်အဖြစ် သတ်မှတ်ထားသူများအား သတ်ဖြတ်မည့် Moon Light Operation တွင် ပါဝင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ရန်အတွက် စိုင်းသန်းထိုက်ဦး(ခ)ကိုစိုင်းအား လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
သော်ဇင်အောင်အား ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၌ ဖောက်ခွဲရေးသင်တန်း ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သင်တန်းသားများစေလွှတ်ခြင်း၊ မရမ်းကုန်းမြို့နယ်၊ အလက(၅)အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခြင်းနှင့် အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ရန်စီစဉ်ခဲ့သူ ဝေယံအောင်၊ ၂၃ နှစ်၊ (ဘ)ဦးမောင်ဆန်းနှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်မည့် သက်နိုင်ထွန်း၊ ၄၈ နှစ်၊ (ဘ)ဦးထွန်း၊ အောင်ဟိန်း၊ ၃၄ နှစ်၊ (ဘ)ဦးအေးကိုတို့အား မေလ ၁၉ ရက်တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ငွေကောင်းကင်တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် ဝေယံအောင်၏ ထွက်ဆိုချက်အရ အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ရန်စီစဉ်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများတွင် ပါဝင် ပတ်သက်သည့် ဆက်စပ်တရားခံ စိုင်းသန်းထိုက်ဦး(ခ)ကိုစိုင်း၊ ၂၀ နှစ်၊ (ဘ)ဦးဇော်ညွန့်အား မေလ ၂၀ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ် ကားမှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ စိုင်းသန်းထိုက်ဦး(ခ)ကိုစိုင်း၏ ထွက်ဆိုချက်အရ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ချမ်းမြေ့၊ ၂၄ နှစ်၊ (ဘ)ဦးခင်ဇော်၊ ဝဏ္ဏထွန်း၊ ၃၆ နှစ်၊ (ဘ)ဦးစိုးငွေ၊ မာလာမြင့်၊ ၂၇ နှစ်၊ (ဘ) ဦးခင်မောင်ကြည်တို့အား ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၃၀ တောင့်တို့နှင့်အတူ ရွှေပြည်သာမြို့နယ်၊ ပဒုမ္မာလမ်းပေါ်ရှိ အအေးဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံဖြစ်သည့် ဇွဲရန်နိုင်၊ ၁၉ နှစ်၊ (ဘ)ဦးဂျော်နီမောင်အား ရွှေပြည်သာမြို့နယ်၊ ၂၆ ရပ်ကွက်၊ ဝေဠုဝဏ်လမ်း၊ အမှတ်(၅၃/၄၁၇) ချမ်းမြေ့ဂုဏ်အဆောင်၌ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း(PVC) ၄ လုံး၊ လက်လုပ်မိုင်း (သံကိုယ်ထည်) ၂ လုံး၊ ချိန်ကိုက်မိုင်း ဆားကစ် ၁ ခု၊ ဒီတိုနေတာ ၁ ချောင်း၊ ဖုန်းမျိုးစုံ ၅ လုံး၊ Ipad ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဆက်စပ်တရားခံဖြစ်သည့် ခန့်စည်သူ၊ ၂၁ နှစ်၊ (ဘ)ဦးမောင်ဆန်း၊ လွင်လွင်ညွန့်၊ ၃၄ နှစ်၊ (ဘ) ဦးမျိုးညွန့်တို့အား မရမ်းကုန်းမြို့နယ်၊ ဝါယာလက် ၂ လမ်းရှိ၊ တိပိဋကမဟာ ဂန္ဓာရုံ ကျောင်းတိုက်တွင် ၉ မမကျည် ၆၉ တောင့်၊ လမ်းလျှောက်စကားပြောစက် ၄ လုံး၊ ကင်မရာ ၁ လုံး၊ ဖုန်း ၄ လုံး၊ Laptop ၃ လုံး၊ ဖိုက်ပါဦးထုပ် ၂ လုံး၊ Gas Mask ၃ ခု၊ မီးခိုးဗုံး ၂လုံး၊ ဓာတ်ငွေ့ကာ မျက်မှန် ၆ ခု၊ ဆန့်ကျင်ရေး စာရွက်စာတမ်းများနှင့်အတူ ယင်းနေ့၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ခဲ့ရာ ဆက်စပ်တရားခံ သန်းထွန်း(ခ)သန်းထွန်းမြင့်၊ ၂၉ နှစ်၊ ဦးစန်းဝင်းအား မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ သမိုင်းမြို့သစ်(၂)လမ်း၊ တိုက် (၈)၊ ၄ လွှာရှိ ၎င်း၏နေအိမ်တွင် လက်လုပ်ဗုံး ၁၄ လုံး၊ မီပုလင်း ၁၀ ပုလင်း၊ ယမ်းစိမ်း ၄ ဗူး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဦးထုပ်ဆိုဒ်စုံ ၁၉ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်း များနှင့်လည်းကောင်း၊ ကြည်ကင်း၊ ၄၈ နှစ်၊ (ဘ)ဦးတက်စိန်အား ဘုရင့်နောင်ပွဲရုံတန်း၊ ၇ လွှာ လက်ဘက်ရည်ဆိုင်တွင်လည်းကောင်း ယင်းနေ့၌ပင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိထားသည့် စိုင်းသန်းထိုက်ဦး(ခ)ကိုစိုင်းသည် လက်လုပ်မိုင်း ပြုလုပ် ရောင်းချသူ သဲသဲ(စိစစ်ဆဲ)ထံမှ ရရှိသော ဖောက်ခွဲရေးပစ္စည်းများအား အောင်ဟိန်း၊ ချမ်းမြေ့၊ ဝဏ္ဏထွန်း၊ ဇွဲရန်နိုင်၊ ခန့်စည်သူ၊ ဝေယံအောင်တို့နှင့်အတူ အင်းစိန်မြို့နယ်ရှိ ခဝဲခြံမျက်မမြင်ကျောင်း၊ ကညနရုံး(အင်းစိန်)၊ ကြို့ကုန်းရပ်ကွက်ရှိ BPI ဆေးဝါးစက်ရုံဝန်း၊ အလက(၄) မရမ်းကုန်း၊ အလက(၅)မရမ်းကုန်း၊ သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲရုံးအနီး တို့တွင် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအပြင် သော်ဇင်အောင်၊ ဝေယံအောင်တို့နှင့် ချိတ်ဆက်၍ အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် သော်ဇင်အောင် အပါအဝင် ၁၄ ဦး အား ပစ္စတို ၂ လက်၊ ကျည် ၁၉၈ တောင့်၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ လက်လုပ်ဗုံး ၁၄ လုံး ၊ မီးပုလင်း ၁၀ ပုလင်း၊ ယမ်းစိမ်း ၄ ဗူး၊ လမ်းလျောက်စကားပြောစက် ၄ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။