ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ နိုင်ငံတော် ဆန့်ကျင်ရေး စာသားပါ စာရွက်များနှင့်အတူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၂

နိုင်ငံတော်အတွင်း  ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရေးအတွက် NUG အကြမ်းဖက်အဖွဲ့သည် နောက်ကွယ်မှ   သွေးထိုးလှုံ့ဆော်မှုများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသားလှုံ့ဆော် ဖြန့်ဝေသူများကိုလည်း နိုင်ငံတော် တည်ငြိမ်ရေးအတွက် ရှေးရှုကာ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂ဝ၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တာမွေမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ် နတ်မောက်ရပ်ကွက်၊ ကျိုက္ကစံလမ်းနှင့်    နတ်မောက်လမ်းထောင့် အရောက်၌ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခြံစည်းရိုးပေါ်၌    နိုင်ငံတော် ဆန့်ကျင်ရေးစာသားပါ စာရွက်များ လိုက်လံကပ်နေသည့် အဆိုပါရပ်ကွက်နေ မအိအိန္ဒြေမမ(၃၁)နှစ်(ဘ) ဦးဇော်ဝင်းအောင်ပါ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့အား အနီရောင်မှုတ်ဆေး၂ ဘူး၊   နိုင်ငံတော်ဆန့်ကျင်ရေး စာသားနှင့် ကာတွန်းပုံများပါ စာရွက် ၁၂ ရွက်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။