ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဆူပူသူလူစုလူဝေးအား ဖြိုခွဲထိန်းသိမ်းစဉ် အမျိုးသား(၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရရှိ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဆူပူသူလူစုလူဝေးအား ဖြိုခွဲထိန်းသိမ်းစဉ် အမျိုးသား(၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရရှိ 

နေပြည်တော်၊ မတ်လ ၁၁ ရက် 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက် နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၌ ဆူပူအော်ဟစ်ဆန္ဒ ပြသူ လူစုလူဝေးအင်အား(၅၀)ဦးခန့်သည် အများပြည်သူ သွားလာနေသည့်လမ်းမအား သွားလာ ၍မရအောင် အတားအဆီးများပြုလုပ်၍ ဆူပူအော်ဟစ်စုဝေးဆန္ဒပြနေကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တားဆီးဖြေလျှော့ခဲ့သော်လည်း ဆူပူ ဆန္ဒပြသူလူအုပ်စုမှ လိုက်နာဆောင်ရွက်မှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအော်ဟစ် ဆဲဆိုကာ အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်အကြမ်းဖက်ခဲ့ကြသဖြင့် အဓိကရုဏ်းနှိမ်နင်း ရေးလုပ်ငန်းစဉ်များနှင့်အညီ ပစ်ခတ်ထိန်းသိမ်းလူစုခွဲခဲ့ရာ နေ့လည် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။ 

ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ချစ်မင်း(၂၅)နှစ်၊ (၄၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေသူမှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။