ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ပြည်လမ်း(အောင်ချမ်းသာလမ်းနှင့် ထောက် ကြန့်လမ်းဆုံကြား)ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ပြည်လမ်း(အောင်ချမ်းသာလမ်းနှင့် ထောက် ကြန့်လမ်းဆုံကြား)ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

 
နေပြည်တော်၊ ဇွန် - ၇

 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း (အောင်ချမ်းသာလမ်းနှင့် ထောက်ကြန့်လမ်းဆုံကြား) ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်း သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုကြ သည်။ အဆိုပါကတ္တရာလမ်းသည် အရှည်ပေ ၁၇၀၀ ကျော်နှင့် အကျယ် ၇၄ ပေရှိပြီး ပြည်လမ်းခင်းကျင်းပေးမှုအတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။