ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အချို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

      COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၂၃) ရပ်ကွက်၊ ရိုးကြီးကျေးရွာ၊ ရွှေပြည်သာမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ အုန်းချစ်ကုန်းဗမာကျေးရွာ၊ အုန်းချစ်ကုန်းကရင် ကျေးရွာ၊ သာယာကုန်း(လှိုင်)ကျေးရွာ၊ တိုးချဲ့(၅၈၁)ရပ်ကွက်၊ ဘူတာစည်ပင် ကျေးရွာ၊ ယမုံနာ အေဘီစီအပိုင်းနှင့် တို့ချဲ့အမှတ်(၄) ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၆ဝဝဝ စုတို့အတွက် ဆန်နှင့်ဆီ များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။

      ထို့အတူ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အမှတ်(၄) ရွှေမင်္ဂလာ ရပ်ကွက်ရှိ အိမ်ထောင်စု ၃ဝဝ စု၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကတ်သစ်ကျေးရွာ၊ သပိတ်တန်း ကျေးရွာ၊ လက်ရွေးကျေးရွာ၊ ဘုန်းတော်နိုင်ငံကျေးရွာနှင့် လှေကြီးတန်းကျေးရွာ တို့ရှိ အိမ်ထောင်စု ၇ဝဝ စုတို့အတွက် ဆန်နှင့်ဆီများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ယနေ့တွင် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။

     အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ အိမ်ထောင်စု ၁ဝဝ စုအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။