ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ အများပြည်သူသုံးလမ်းမကြီးပေါ်တွင် ကားဟွန်းသံရှည်တီးကာ လက်သုံးချောင်းထောင်၍ ဆူပူဆန္ဒပြသူအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ အများပြည်သူသုံးလမ်းမကြီးပေါ်တွင် ကားဟွန်းသံရှည်တီးကာ လက်သုံးချောင်းထောင်၍ ဆူပူဆန္ဒပြသူအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ မတ် ၂၂

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဆူပူဆန္ဒပြမှု များနှင့် အကြမ်းဖက်လုပ်ရပ်များအား အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ထိန်းသိမ်းနိုင်ရေးတို့အတွက် လှည့်ကင်းယာဉ်များဖြင့် နေ့/ညမပြတ် လုံခြုံရေးတာဝန်များဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ လသာမြို့နယ်၊ရွှေတိဂုံဘုရားလမ်းနှင့် အနော်ရထားလမ်းထောင့်တွင် မြင့်မြတ်သူရလှိုင် (၂၃)နှစ် (ဘ) ဦးဇော်ဝင်းလှိုင်သည် ယာဉ်အမှတ် YGN 3G-8618 Hijet ယာဉ်အား အများပြည်သူလူထု အနှောင့်အယှက် ဖြစ်စေရန် ဟွန်းသံရှည်တီးကာ လက်သုံးချောင်းထောင်၍ မောင်းနှင်ဆူပူဆန္ဒပြနေသည်ကို တွေ့ရှိရ သဖြင့် ရဲစခန်းသို့ ခေါ်ဆောင်ကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် တရားဥပဒေမဲ့ လုပ်ရပ်များအား အချိန်မီထိန်းသိမ်းနိုင်ရေး ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။