ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက်သူများမှ ညဘက်သံပုံးမတီးသူ အမျိုးသမီးတစ်ဦးအား အကြမ်းဖက်ဖမ်းဆီးမှုနှင့် ၎င်းအကြမ်းဖက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက်သူများမှ ညဘက်သံပုံးမတီးသူ အမျိုးသမီးတစ်ဦးအား အကြမ်းဖက်ဖမ်းဆီးမှုနှင့် ၎င်းအကြမ်းဖက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက် 

နေပြည်တော်၊ မတ်လ ၁၆

နိုင်ငံတော်အတွင်း နေရာအချို့တွင် CDM မပြုလုပ်သူများအား ခြိမ်းခြောက်အကြပ် ကိုင်ခြင်း၊ အရှက်ခွဲစော်ကားခြင်းများ ပြုလုပ်ခြင်း၊ ညအချိန်တွင် အဓိပ္ပါယ်မဲ့ အများပြည်သူ နားမခံ သာသော သံပုံးတီးမှုလုပ်ရပ်များကို မလုပ်ဆောင်သူများကို ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းများကို အကြမ်းဖက်လူစုလူဝေးအနေဖြင့် ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ည ၉ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ အောင်မေတ္တာ ရပ်ကွက်၌ အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦးအား ဆူပူအကြမ်းဖက်သူ ဝက်ကြီး (စိစစ်ဆဲ) ဦးစီးအင်အား ၂၀ ဦးမှ ဒုတ်၊ ဓါးများကိုင်ဆောင်ပြီး အမျိုးသမီးနေအိမ်သို့ရောက်ရှိလာကာ ညဘက်သံပုံးမတီးခြင်းအတွက် "သူလျှို"၊ "ဒလံ"လား စစ်ဆေးမည်ဆိုပြီး ၎င်းရပ်ကွက်အတွင်းရှိ ဓမ္မာရုံသို့ ခေါ်ဆောင်သွားခဲ့ကာ မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ၎င်းနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။ 

မတ်လ ၁၅ ရက်နေ့ ညပိုင်းမှစ၍ ၎င်းအမျိုးသမီးအား မတွေ့ရှိရသဖြင့် နယ်မြေခံ တပ်မတော်သို့ တာဝန်သိပြည်သူများမှ သတင်းပို့ခဲ့သဖြင့် ၎င်းဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ မြေပြင်တွင် စုံစမ်းခဲ့ပါသည်။ 

မြေပြင်ပဏာမစစ်ဆေးမှုအရ ၎င်းအမျိုးသမီးအား အကြပ်ကိုင်ခြိမ်းခြောက်လာရောက် ခေါ်ဆောင်သူလူအုပ်စုတွင် ပါဝင်ခဲ့သည်ဟု သိရှိရသည့် သံသယတရားခံဖြစ်သူ လှိုင်သာယာမြို့၊ (၇)ရပ်ကွက်၊ "ရွှေကောင်းကြွယ်"လက်ဖက်ရည်ဆိုင်မှ ဝင်းနိုင်စိုးအား စစ်ဆေးရန်သွားရောက်စဉ် ဝင်းနိုင်စိုးသည် ဆိုင်အတွင်းမှ ဓါးကိုင်ပြီး ရန်ပြုရန်ပြေးထွက်လာခဲ့၍ လုံခြုံရေးတပ်ဖွဲ့မှ ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ဆိုင်အနီးရှိ အမျိုးသမီးတစ်ဦး(စိစစ်ဆဲ)အား ထိမှန်ဒဏ်ရာရရှိခဲ့ကာ လှိုင်သာယာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် ဥပဒေနှင့်အညီ သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်လျက်ရှိပါသည်။ 

ဖြစ်စဉ်ပါ လူပျောက်ဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သော စုံစမ်းစိစစ်မှုများဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။