ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား အကြမ်းဖက် သူများမှ မီးပုလင်းဖြင့်ပစ်ပေါက်

နေပြည်တော်  မတ်  ၂၄

၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့နံနက် ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြောက်ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးအား အင်းစိန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော ယာဉ်အမှတ်(စိစစ်ဆဲ) Landcruiser ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မှ မီးပုလင်းဖြင့် အကြောင်းမဲ့ရန်ပြုပစ်ပေါက်ကာ မရမ်းကုန်းမြို့နယ် ဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

မီးပုလင်းဖြင့် ရန်ပြုပစ်ပေါက်မှုကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအတွင်းရှိ   လက်ဆေး ဘေစင်တစ်ခု၊ ကြော်ငြာဆိုင်းဘုတ် သုံးခု၊ ကြော်ငြာဗွီနိုင်းစ နှစ်ခုနှင့် အမှိုက်ပုံးတစ်ပုံးတို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းရလျှင်ရချင်း အခင်းဖြစ်ပွားရာ နေရာသို့သွား ရောက်စစ်ဆေးခဲ့ရာ ပစ်ပေါက်ရာတွင်အသုံးပြုခဲ့သည့် Myanmar Beer ပုလင်းခွံရှစ်လုံးနှင့် မီးစာတပ်ဆင် ထားသည့် ဓာတ်ဆီပုလင်း သုံးလုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးအား မီးပုလင်းဖြင့် အကြောင်းမဲ့ရန်ပြုပစ်ပေါက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

(၁၀၀)