ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ်ဖြင့် ကဏ္ဍမျိုးစုံတွင် ထူးချွန်စွာ ကြိုးပမ်းခဲ့ကြသူများအား ဂုဏ်ပြု ဆုချီးမြှင့်
နေပြည်တော်၊ ဇူလိုင်-၄
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ဖြင့် ကဏ္ဍမျိုးစုံတွင် ထူးချွန်စွာ ကြိုးပမ်းခဲ့ကြသူများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ်ရှိ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး ကျောင်း သား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး အမျိုးသမီး အားကစားသမားများက အေရိုးဗစ်၊ ဝူရှူး၊ မြန်မာ့သိုင်းတို့ဖြင့် သရုပ်ပြသကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်များရရှိခဲ့သူများ၊ ASEAN+3 Junior Science Odyssey Mixed Country ပညာရေးပြိုင်ပွဲဆုရရှိခဲ့သူများ၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သူများ၊ မြန်မာအမျိုးသမီးများနေ့ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူ များ၊ လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း ဝန်ထမ်းများ၏ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့ကြသူများနှင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ခဲ့သည့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြ သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများ၊ ဆုရစာစီစာကုံးများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။