ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၁၅

 
ရန်ကုန်တိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဆန်များနှင့် စားသောက်ကုန်များ ပေးအပ်ပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။