ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ

နေပြည်တော်၊ ဇွန် - ၇

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၏ ၂၀၂၂ ခုနှစ် ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာရှိ လှော်ကားရေဝေရေလဲဒေသ အတွင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရတနာတန်းဝင်ပင်ဖြစ်သည့် မဟော်ဂနီပင် ကို ဦးဆောင်စိုက်ပျိုးပေးကာ ဌာနဆိုင်ရာများ၏ ပျိုးပင်များ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ရှင်းလင်းဆောင်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး က မိုးရာသီသစ်ပင်စိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ယနေ့ပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၌ ရတနာတန်းဝင် ပင်ဖြစ်သည့် ကျွန်းပင် ၁၆၂၀၀ ပင်၊ ပျဉ်းကတိုး ၅၄၀၀ ပင်၊ မဟော်ဂနီ ၅၄၀၀ ပင်၊ စုစု ပေါင်း ၇၂၀၀ ပင် တို့ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။