ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော PDF အဖွဲ့ဝင်များနှင့် လမ်းမတော် ရွှေနန်းတော်ရွှေဆိုင် ဖောက်ခွဲလုယက်မှုတွင် ပါဝင်သူများ ဖော်ထုတ်ဖမ်းဆီးရရှိ

ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော PDF အဖွဲ့ဝင်များနှင့် လမ်းမတော် ရွှေနန်းတော်ရွှေဆိုင် ဖောက်ခွဲလုယက်မှုတွင် ပါဝင်သူများ ဖော်ထုတ်ဖမ်းဆီးရရှိ

နေပြည်တော်၊ ဇူလိုင်- ၃၁
    

အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များ သည်မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူလူထုအပေါ် စာနာထောက်ထားမှုမရှိဘဲ တရားမဝင်အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အပြစ်မဲ့ပြည်သူများအား စွပ်စွဲသတ်ဖြတ်ခြင်း၊ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် လုယက်မှုများကိုပါ ကျူးလွန်လျက်ရှိသည်။ ထိုသို့ တရားဥပဒေမဲ့ လုပ်ရပ်များပြုလုပ် နေမှုကို ထပ်မံဖြစ်ပွားမှု မရှိစေရေးနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးထိန်းသိမ်း နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
    

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာတွင် အစွန်းရောက် လူငယ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အုပ်ချုပ်ရေးမှူးများအား အဓိကပစ်မှတ် ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်ရေးအတွက် ခင်ကျော်(UNRA)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နှင့် ချိတ်ဆက်၍ သင်တန်းတက်ရောက်လျက် ရှှိကြောင်း သိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် စမ်းချောင်းမြို့နယ်၌ စမ်းချောင်း PDF အဖွဲ့ဝင် ကျော်ဇောဟိန်း(၃၂)နှစ်၊ ဂျယ်ရီကောင်းထက်(၂၉)နှစ်၊ ပြည့်စုံသူ(၃၀)နှစ်တို့အား လည်းကောင်း၊ ဂျွန်ကိုကို(၂၁)နှစ် အား Hi Puppy Dog Spa ဆိုင်၌ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်              ၈ တောင့်နှင့် လည်းကောင်း၊ သက်ကိုကိုထွေး(၂၅)နှစ်နှင့်  ခိုင်ခိုင်ဝင်း(၂၇)နှစ်တို့အား သင်္ဃန်းကျွန်းမြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
    

ဖမ်းဆီးရမိတရားခံ သက်ကိုကိုထွေး၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်း မြို့နယ်၌ ထက်အောင်ဝင်း(၃၀နှစ်)အား ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၄)ရပ်ကွက်၊ တိုက်(၂၂)၊ အခန်း(၁၀၁)ရှိ သက်ကိုကိုထွေး၏ နေအိမ်မှ လက်လုပ်မိုင်းမျိုးစုံ ၂၇ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ အောင်ရဲဝင်း (ဖမ်းဆီးရန်ကျန်)၏ နေအိမ်မှ MG လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ၉ မမကျည် ၂၀ တောင့်၊ လက်လုပ်မိုင်း မျိုးစုံ ၃၆ လုံးနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအားလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ဇူလိုင်လ ၂၂ ရက်တွင် ယဉ်လဲ့လဲ့သူ (၂၂)နှစ်နှင့် အိဖြူသန့်(ခ)Emilly (၂၂)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
    တရားခံ ခိုင်ခိုင်ဝင်း၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၁၈ ရက်တွင် ဗဟန်းမြို့နယ်၌ ဖြိုးမိုးသိင်္ခ(၁၇နှစ်)အား လည်းကောင်း၊ လှိုင်မြို့နယ်၌ တင်ထွဋ်(ခ)တင်ထွဋ်ပိုင်(၃၁နှစ်)နှင့် အောင်မင်းဦး(၂၁နှစ်)တို့ ၂ ဦးအား ပစ္စတို ၁ လက်၊ ၎င်းကျည် ၃၀ တောင့်၊ ကျည်အိမ်     ၂ ခု၊ လက်လုပ်မိုင်းမျိုးစုံ ၅ လုံးနှင့် လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်း များအားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
    

တရားခံ တင်ထွဋ်ပိုင်၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၂၀ ရက်တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ (၈၅)ရပ်ကွက်၊ ဦးအုန်းလွင်လမ်းရှိ အပ်ချုပ်စက်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်အား ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကောင်းပြည့်စုံ(၁၆)နှစ်၊ အာကာမင်းထက်(၂၂)နှစ်၊ ထက်ကိုဦး(၂၃)နှစ်တို့အား လက်လုပ်သေနတ် ၁ လက်၊               ၉ မမကျည် ၂၃၈ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်လုပ်မိုင်းမျိုးစုံ ၉ လုံးနှင့် လက်လုပ် သေနတ်ပြုလုပ်ရန် သေနတ် အစိတ်အပိုင်းမျိုးစုံနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ဝင်းပပ(ခ)ရွှေဖြိုး(၂၄)နှစ်အား  လည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ်၌ ရဲရင့်ကျော်(ခ)ရဲရင့်(၂၄နှစ်)နှင့် ကျော်သီဟ(၂၂)နှစ်တို့အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
     

တရားခံ အိဖြူသန့်(ခ)Emilly၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၂၃ ရက်တွင် ခိုင်သဇင်ဦး(၃၆)နှစ်အား မြောက်ဉက္ကလာပမြို့နယ်၊ (ဈ)ဈေးအတွင်း၌ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၂၀ တောင့်၊ MG1 လက်ပစ်ဗုံး ၃ လုံး၊ ၎င်းစနက်တံ ၃ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ လက်လုပ်သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၄၈ တောင့်နှင့် လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဇူလိုင်လ ၂၄ ရက်တွင် အိဇာနွေ(ခ)မအိ (၃၈)နှစ်နှင့် မြင့်မြတ်စု(ခ)မကိတ်(၃၅)နှစ်အား  လည်းကောင်း၊     တရားခံ ရဲရင့်ကျော်၏ ထွက်ဆိုချက်အရ ဒေါ်စန်းကြည်(၆၀)နှစ်အား မြောက်ဉက္ကလာပမြို့နယ်၌ လည်းကောင်း ထပ်မံ ဖမ်းဆီး ရမိခဲ့သည်။
  

 ဆက်စပ် ဖောက်ခွဲရေးသတင်းအရ ဇူလိုင်လ ၂၁ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံ၌ ထက်ဝေယံ(၂၀)နှစ်အား ဖမ်းဆီးရမိခဲ့ကာ ၎င်း၏ ထွက်ဆိုချက် အရ ယဉ်ကျေး(၂၀)နှစ်၊ ချစ်ရင်ထူး(၂၃)နှစ်၊ အောင်ကိုဝင်း(၄၁)နှစ်တို့အား တိုက်ကြီး မြို့နယ်၊ သပြုကျေးရွာအနီး၌ လက်လုပ်မိုင်း ၂ လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း ၈၅ လုံးနှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်တရားခံများဖြစ်သော ထက်ဝေဦး(၂၁)နှစ်၊ အောင်ဇော်လွင်(၂၂)နှစ်၊ ထူးခန့်ထည်အောင်(၂၀)နှစ်၊ မင်းအောင်ခန့်(၂၁)နှစ်နှင့် အောင်သူရဦး(၂၀)နှစ်တို့အား တိုက်ကြီးမြို့နယ်၊ ကျွဲဘုတ်ကျေးရွာလမ်းဆုံ၌ လည်းကောင်း၊ ဇူလိုင်လ ၂၃ ရက်တွင် ရီဝေထွန်း(၃၁)နှစ်အား လက်ပစ်ဗုံး ၁ လုံး၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် အစိတ်အပိုင်း မျိုးစုံ တို့နှင့်အတူ စမ်းချောင်းမြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
    

တရားခံ အိဇာနွေ၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၂၈ ရက်တွင် မရမ်းကုန်း မြို့နယ်၌ လျှန်တိုးမြင့်ဦး(၃၈)နှစ်အား လည်းကောင်း၊တရားခံ ခိုင်သဇင်ဦး၏ ထွက်ဆိုချက် အရ ဇူလိုင်လ ၂၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်၌ အေးမင်းထွန်း(ခ)ဇူးလူး(၄၃)နှစ်အား လည်းကောင်း၊ အိဇာနွေ၏ ထွက်ဆိုချက်အရ ဥမ္မာအောင်(၄၀)နှစ်အား ဗဟန်းမြို့နယ်၌ လည်ကောင်းဖမ်းဆီးရမိခဲ့သည်။
  

 အထက်ပါဖမ်းဆီးရမိ တရားခံများအနက် သက်ကိုကိုထွေး၊ ကျော်သီဟ၊ ဇင်ယော် (ဖမ်းဆီးရန်ကျန်)၊ အောင်ဇော်လွင်၊ ယဉ်ကျေး၊ ထက်ဝေဦး၊ မင်းေအာင်းခန့်တို့သည် KNLA၊ တပ်မဟာ(၁)နယ်မြေ၌ လည်းကောင်း၊  ကျော်ဇောဟိန်း၊ ဂျယ်ရီကောင်းထက်၊ ပြည့်စုံသူ၊ ကျော်ဇေယျာဝင်း(ဖမ်းဆီးရန်ကျန်)တို့သည် KNLA၊ တပ်မဟာ(၇)နယ်မြေ၌ လည်းကောင်း၊ ထက်ကိုဦး၊ အာကာမင်းထက်တို့သည် KNLA၊ တပ်မဟာ(၅)နယ်မြေ၌ လည်းကောင်း၊ အောင်သူရဦးသည် လိုင်ဇာအနီး KIA စခန်း၌ လည်းကောင်း၊ ထူးခန့်ထည်အောင်သည် TNLA နယ်မြေ၌ လည်းကောင်း ဖောက်ခွဲရေး သင်တန်းများသို့ အသီးသီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
    

အဆိုပါ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သော တရားခံများအနက် ကျော်ဇောဟိန်း သည်  ဇူလိုင်လ ၂ ရက်တွင် ပြည့်စုံသူ၊ အလင်းသစ် (ဖမ်းဆီးရန်ကျန်)အပါ ၈ ဦးနှင့် အတူ မြေနီကုန်းတံတား၊ ကြော်ငြာဆိုင်းဘုတ်အနီးတွင် လက်လုပ်မိုင်း ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။ 
    တရားခံ သက်ကိုကိုထွေးသည် ဇွန်လ ၁၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၅)လမ်းထိပ်ရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လည်းကောင်း၊  ဇွန်လ ၁၇ ရက်တွင် ငမိုးရိပ်(၉)လမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦး၏ နေအိမ်အနီး၌ လည်းကောင်း၊ ဇွန်လ ၂၃ ရက်တွင် ထက်အောင်ဝင်းနှင့်အတူ ငမိုးရိပ်(၆)လမ်းတွင် မြောင်းမြမုန့်ဟင်းခါးဆိုင် အနီးရှိ အပြစ်မဲ့ပြည်သူ ၁ ဦး၏နေအိမ်အား လည်းကောင်း၊ ဇွန်လ ၂၆ ရက်တွင် ငမိုးရိပ်ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦး ၏ နေအိမ်ခြံဝင်းအနီး၌လည်းကောင်း၊ ဇူလိုင်လ ၆ ရက်တွင်  စံပြ(၆)လမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦး၏ နေအိမ်အားလည်းကောင်း၊ ဇူလိုင်လ ၁၂ ရက်တွင် လေးထောင့်ကန်လမ်းမပေါ်ရှိ အေဝမ်းဆောက်လုပ်ရေး ပစ္စည်းဆိုင်အနီးတွင်လည်းကောင်း လက်လုပ်ရီမုမိုင်းနှင့် ချိန်ကိုက်ဗုံးများ ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။
    တရားခံ ဝင်းပပသည် မေလ ၅ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော ရဲညီထက်၏ ဦးဆောင်မှုဖြင့် အောင်ကျော်မြင့်ဦး၊ ရန်နိုင်၊ အောင်မြင့်မြတ်၊ သန့်ဇင်တို့နှင့်အတူ ကိုဝိုင်း(ခ)နံပါတ်ဖိုး ထံမှ လက်လုပ်မိုင်းရယူပြီး ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ပြေးဆွဲသည့် YBS ယာဉ်ပေါ်တွင် ဖောက်ခွဲသည့်ဖြစ်စဉ်၌ ပါဝင် ခဲ့ကြောင်းနှင့် တရားခံ တင်ထွဋ်ပိုင်သည် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ အပ်ချုပ် စက်ပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင်တွင် အာကာမင်းထက်၊ ကောင်းပြည့်စုံ၊ ထက်ကိုဦးတို့အား လက်လုပ်မိုင်းနှင့် လက်လုပ်သေနတ်များ လုပ်ဆောင်ရန် စေခိုင်းခဲ့ကြောင်း သိရှိရသည်။
    တရားခံ ခိုင်သဇင်ဦးသည် UAE နိုင်ငံတွင်နေထိုင်သူ ဖမ်းဆီးရန်ကျန် တရားခံ အောင်နိုင်ဝင်း(ခ)ကိုအောင်နှင့် ဟန်သာမြင့်ဦးတို့၏  ခိုင်းစေမှုဖြင့် ဇွန်လတွင် အေးမင်းထွန်း(ခ) ဇူးလူးထံမှ  Glock ပစ္စတို ၂ လက်၊ CZ ပစ္စတို ၁ လက်၊ ကျည် မျိုးစုံ ၂၀၃ တောင့်၊ လက်ပစ်ဗုံး ၆ လုံးတို့အားလည်းကောင်း၊ တိုးတိုး(ဖမ်းဆီးရန်ကျန်)ထံမှ ဒီတိုနေတာ ၄၅ ခုအား လည်းကောင်း ရရှိခဲ့ကြောင်း သိရှိရသည်။
     အဆိုပါလက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ အနက်မှ Glock ပစ္စတို ၁ လက်၊ကျည် ၁၀ တောင့်အား ကျော်ဇောဟိန်းထံသို့ လည်းကောင်း၊ Glock ပစ္စတို             ၁ လက်၊ ကျည် ၂၅ တောင့်အား အိဖြူသန့်(ခ) Emilly ထံသို့လည်းကောင်း၊ လက်ပစ်ဗုံး ၃ လုံးအား ရဲရင့်ကျော်အားလည်းကောင်း ပေးအပ်ခဲ့ပြီး ရဲရင့်ကျော်မှ လက်ပစ်ဗုံး များအား ဒေါ်စန်းကြည်ထံသို့ ရောင်းချခဲ့ကြောင်း ဒေါ်စန်းကြည်မှ သိန်းထွန်း (ဖမ်းဆီးရန်ကျန်)ထံ အဆင့်ဆင့် ပြန်လည်ရောင်းချခဲ့ကြောင်း၊ တရားခံ အာကာမင်းထက်သည် ကိုဝိုင်း(ခ)နံပါတ်ဖိုး(ဖမ်းဆီးရန်ကျန်)ထံမှ ရရှိသော ပစ္စတို ၂ လက်၊ ကျည် ၃၀ တောင့် တို့အား တင်ထွဋ်ပိုင်ထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 
    တရားခံ ထက်ဝေယံသည် ဧပြီလ ဒုတိယပတ်တွင်  ချစ်ရင်ထူး၏ ချိတ်ဆက် ပေးမှုဖြင့် တိုက်ကြီးမြို့နယ်၊ သပြုကျေးရွာရှိ အောင်နိုင်(ခ)နဂါး(ဖမ်းဆီးရန်ကျန်) ခြံအတွင်း ယာယီအဆောက်အဦ ဆောက်လုပ်၍ ချစ်ရင်ထူး၊ အောင်ဇော်လွင်၊ ဖိုးဇော်(ဖမ်းဆီးရန်ကျန်)၊ ယဉ်ကျေးတို့နှင့်အတူ နေထိုင်ခဲ့ပြီး မေလ ပထမပတ်မှစ၍  ဖမ်းဆီးရန် ကျန်သူများဖြစ်သည့် သူသူဇင်၊ ထက်ထက်တို့နှင့် လက်လုပ်ဗုံးများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
    ဇူလိုင်လ ၃ ရက်တွင် တရားခံ ကျော်စိုး(ဖမ်းဆီးရန်ကျန်)သည် သက်ကိုကိုထွေးနှင့် အာကာ(ဖမ်းဆီးရန်ကျန်)အား ရွှေနန်းတော်ရတနာရွှေဆိုင်များအား တစ်ချိန်တည်းဖောက်ခွဲ လုယက်မည့်အစီအစဉ်ကို ပြောကြားခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ကျော်စိုးမှ  သက်ကိုကိုထွေး၊ ထက်အောင်ဝင်း၊ ဇင်ယော်၊ ဆုပိုပိုအောင်(ခ)စာကလေး၊ ခိုင်ခိုင်ဝင်းတို့အား ၎င်း၏ ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် သက်ကိုကိုထွေးအား ၂၃ လမ်း၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ထက်အောင်ဝင်းအား ၁၉ လမ်းရှိ ရွှေနန်းတော်ရွှေဆိုင်တို့အား ၁၄၀၀ နာရီတွင် တစ်ချိန်တည်းဖောက်ခွဲ၍ ဝင်ရောက်လုယက်ရန် လက်လုပ်မိုင်းများ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
    တရားခံ ကျော်စိုးမှ လမ်းမတော်ရွှေဆိုင်အား ဖောက်ခွဲရန် ရွှေပေါက္ကံ PDF အဖွဲ့ဝင်များဖြစ်သည့် ဇင်ယော်၊ ရဲလင်း၊ စိုင်းမင်းခန့်တို့အား ဖောက်ခွဲရေးအဖွဲ့အဖြစ် စေခိုင်းခဲ့ပြီး စောင့်ကြည့်အဖွဲ့အား ဆုပိုပိုအောင်(ခ)စာကလေး၊ မျိုးပပနှင့် အာကာတို့မှ ဆောင်ရွက်ရန်နှင့် ပန်တာ မှ ဖောက်ခွဲပြီးပါက ရွှေထည်များအား ဝင်ရောက်လုယက်ရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။ 
    အကြမ်းဖက်အဖွဲ့များအနေဖြင့် ဖောက်ခွဲမှုများအား တစ်ချိန်တည်း ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း လက်ဝတ်ရတနာများအား ခွဲဝေခြင်းမပြုလုပ်လိုသဖြင့် လမ်းမတော်ရှိဆိုင်အား ဇင်ယော် ဦးဆောင်သည့်အဖွဲ့မှ သတ်မှတ်အချိန်ထက်စော၍ ဖောက်ခွဲခဲ့သဖြင့် သက်ကိုကိုထွေးနှင့် ထက်အောင်ဝင်းတို့သည် ၎င်းတို့ ဖောက်ခွဲရမည့် ရွှေဆိုင်များအား ဖောက်ခွဲခြင်းမပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
    ဇွန်လ ပထမပတ်ခန့်တွင် အောင်ဇော်လွင်၊ ယဉ်ကျေး၊ ချစ်ရင်ထူးနှင့် ထက်ဝေယံတို့မှ လက်လုပ်မိုင်း ၃၅ လုံးအား လက်ပံတန်း PDF အဖွဲ့ခေါင်းဆောင် လူရှင်း(ဖမ်းဆီးရန်ကျန်)ထံ ရောင်းချခဲ့ကြောင်း၊ ထက်ဝေယံသည် Nero geal ၆ တောင့်၊ ဒီတိုနေတာ ၂၄ ခု၊ ကလိုရိုက် ၁ အိတ်အား စမ်းချောင်းမြို့နယ်နေ ရီဝေထွန်းထံမှ ရယူပြီး လက်လုပ်မိုင်းများ ထပ်မံပြုလုပ်နေဆဲဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့အား ဦးဆောင်သူ အောင်နိုင်(ခေါ်)နဂါးမှ လုံခြုံရေးအဖွဲ့များနှင့် အဆောက်အဦများအား အချိန်ကိုက် ဖောက်ခွဲနိုင်ရန် ချိန်ကိုက်မိုင်း ၂ လုံးအား Emilly ထံ  ဆက်သွယ်၍ မှာယူခဲ့ကြောင်း သိရှိရသည်။
    တရားခံ သျှန်တိုးမြင့်ဦးသည် အစ်ကိုဖြစ်သူ ဟန်သာမြင့်ဦး(ဖမ်းဆီးရန်ကျန်)၏ စေခိုင်းချက်အရ အမည်မသိ အမျိုးသမီး ၂ ဦးထံမှ ငွေကျပ် ၂၈ သိန်းနှင့်  ခိုင်သဇင်ဦး ထံမှ ငွေကျပ် ၆၀ သိန်းစုစုပေါင်း ငွေကျပ် ၈၈ သိန်းခန့်လက်ခံရရှိခဲ့ပြီး ၎င်းငွေများအား ခိုင်သဇင်ဦးထံ လက်နက်/ ခဲယမ်းများ ရောင်းဝယ်မှုပြုလုပ်ရန်နှင့် ကျန်ငွေများအား ဖောက်ခွဲရေးလုပ်ငန်းများတွင် သုံးစွဲထားရှိကြောင်း၊ လက်ကျန်ငွေ ၄၂ သိန်းအား ဂိုဒေါင်၌ ဝှက်ထားခဲ့ရာမှ သိမ်းဆည်းခံခဲ့ရကြောင်း သိရှိရသည်။ 
    ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အိုလံပစ်ဘား အပေါ်ထပ်၊ တိုက်ခန်းတွင် လက်လုပ်မိုင်း များအားပြုလုပ်၍ ရန်ကုန်မြို့အတွင်းရှိ အကြမ်းဖက်အဖွဲ့များထံသို့ ပြန်လည်ဖြန့်ဖြူးရန် ရည်ရွယ်၍ တရားမဝင်ဖွဲ့စည်းထားသည့် RRAT (Rangon Revolution Attack Team)အဖွဲ့မှ  မင်းစိုး(ခ)ကိုနစ်(ဖမ်းဆီးရန်ကျန်)၏ စည်းရုံးမှုကြောင့် အိဖြူသန့်(ခ) Emilly၊ ယဉ်လဲ့လဲ့သူ၊ အိဇာနွေနှင့် မြင့်မြတ်ဆုတို့ ၄ ဦးသည် RRAT အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့နှင့်အတူ နေထိုင်ခဲ့ကြောင်း၊ ၎င်းတိုက်ခန်းတွင်  မင်းစိုး(ခ)ကိုနစ် (မေလ ၁၈ ရက်တွင် တိုက်ခန်း၌ လက်လုပ်မိုင်း ပြုလုပ်ရာမှ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ)မှ ဦးဆောင်ကာ ဒိုက်၊ ပြည့်ဖြိုးကျော်၊ စိုင်းသီဟ၊ ယဉ်လဲ့လဲ့သူတို့သည် လက်လုပ်မိုင်းများ ရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် လုပ်ဆောင်မည့် ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများတွင် ပါဝင်သော စမ်းချောင်း မြို့နယ်၊ PDF အဖွဲ့ဝင် ကျော်ဇောဟိန်းအပါ တရားခံ ၄ ဦး၊ သင်္ဃန်းကျွန်းမြို့နယ် PDF အဖွဲ့ဝင် သက်ကိုကိုထွေးအပါ တရားခံ ၄ ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် PDF အဖွဲ့ဝင် အာကာမင်းထက်အပါ တရားခံ ၄ ဦး၊ ရွှေပေါက္ကံ PDF အဖွဲ့ဝင် တင်ထွဋ်ပိုင်အပါ တရားခံ ၃ ဦး၊ တိုက်ကြီးမြို့နယ် PDF အဖွဲ့ဝင် ထက်ဝေယံအပါ တရားခံ ၁၀ ဦးနှင့် ဆက်စပ်တရားခံ ၆ ဦး၊ စုစုပေါင်း တရားခံ ၃၅ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတိုသေနတ် ၃ လက်၊ လုပ်သေနတ်                ၂ လက်၊ ကျည်မျိုးစုံ ၄၆၄ တောင့်၊ ကျည်အိမ် ၇ ခု၊ လက်လုပ်မိုင်း မျိုးစုံ ၇၉ လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း ၈၅ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ ရှေ့ထွက်မိုင်း  ၁ လုံး၊ ဒီတိုနေတာ ၄၅ ခု၊ အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့သည်။
     အထက်ပါဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန် အပ်ပါသည်။