ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၁ ဘောလုံးရာသီအတွက် နောက်ဆုံးခေါ်ယူမှုအဖြစ် ဇွဲကပင် ယူနိုက်တက်မှ နောက်ခံကစားသမား သိန်းတန်ကို နှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူ

 

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၁ဘောလုံးရာသီ  နောက်ဆုံးကစားသမား ခေါ်ယူမှုအဖြစ်    ဇွဲကပင်ယူနိုက်တက်အသင်း     ဘယ်နောက်ခံကစားသမား သိန်းတန်ကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ လိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း ၏ထုတ်ပြန်ချက်အရ သိရသည်။

၎င်းသည်   ပရော်ဖက်ရှင်နယ်ကစား သမားဘဝကို ၂၀၁၅ ခုနှစ်က မြန်မာနေရှင်နယ်လိဂ်-၂ ကလပ် အသင်းဖြစ်သည့် Horizon FC နှင့်အတူ နှစ်နှစ်ကြာ ကစားခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်က ချင်းယူနိုက်တက်အသင်း၊ ၂၀၁၈ ခုနှစ်မှစ၍   ဇွဲကပင်ယူနိုက်တက်အသင်း၌ သုံးနှစ်ကြာကစားခဲ့သည်။

အသက်၂၅ နှစ်အရွယ် သိန်းတန်သည် ဟဲဟိုးမြို့ဇာတိဖြစ်ပြီး    အား/ကာသိပ္ပံ (မန္တလေး)၌    ဘောလုံး ပညာရပ်များ လေ့လာခဲ့သည်။ “ရန်ကုန်ယူနိုက်တက်လို  အသင်းကြီးတစ်သင်းက ခေါ်ယူတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း  ဂုဏ်ယူပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဒီအသင်းမှာ တကယ်တော်တဲ့ ကစားသမားတွေ အများကြီးရှိတဲ့အတွက် နေရာတစ်နေရာရဖို့ ကြိုးစားပါမယ်”ဟု သိန်းတန်က ပြောသည်။