နေပြည်တော်၊ ယာဉ်တိမ်းမှောက်မှု
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အုတ်တွင်းမြို့နယ် ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းအပိုင်၌ အောက်တိုဘာ ၁၂ရက်နံနက် ၆ နာရီတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မှုဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၂၄/၆)နှင့်(၁၂၄/၇)ကြားတွင် ယာဉ် မောင်းဇော်မင်းမောင်းနှင်လာသော ယာဉ်အမှတ် SGG 6L/--- HINO RANGER ခဲ/ဖြူရောင် ယာဉ်သည် ကွမ်းခြင်းများ တင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမကြီး(ပြင်/ထိန်း) အဖွဲ့ဝင်များက စစ်ဆေးဆောင် ရွက်ရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသားနှစ်ဦးအနက် ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာ ရရှိသဖြင့် တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် အုတ်တွင်းမြို့နယ် ဆေးရုံသို့ပို့ဆောင်ပေးသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်မင်းအား ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ)၂၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၈/၂၇၉ အရအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(နေပြည်တော်)