ရပ်ရွာအေးချမ်းသာယာရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ သော ရဲကင်းစခန်းများအား အကြမ်းဖက်သူများက လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ ဒီဇင်ဘာ - ၇
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်များအလိုက် အများပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက်ကျေးရွာ ရဲကင်းစခန်း၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိစဉ် ဒီဇင်ဘာ ၆ ရက် ည ၈ နာရီခန့်တွင် အကြမ်းဖက်သူများက ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ရဲကင်းစခန်းဘေးရှိ ထရန်စဖော်မာအနီးမှ လက်လုပ်ဗုံးများ၊ လက်နက်ငယ်များဖြင့် ရဲကင်းစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ဒလမြို့နယ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁ စီး၊ ကျည်ခွံများနှင့်အတူ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၁ ဦးအား တွေ့ရှိခဲ့ရပြီး ထပ်မံစစ်ဆေးချက်အရ သေဆုံးသူအမျိုးသားမှာ ဒေသခံမဟုတ်ဘဲ မျက်နှာစိမ်းတစ်ဦးဖြစ်ကြောင်း သိရှိရ သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ကံကောင်းရဲကင်းစခန်းအား ယနေ့နံနက် ၃ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများက လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် လာရောက်ပစ် ပေါက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်သူမားများ ထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်သိ ပြည်သူများဖြင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။