ရာဇဝတ်ကျင့်ထုံးဉပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကုန်းကြမ်းမြို့နယ်၊ ကြူစီပါကျေးရွာအနီး တားမြစ်ချိန်ကျော်လွန် သွားလာသည့် မော်တော်ယာဉ် အား တားဆီးစစ်ဆေး

ရာဇဝတ်ကျင့်ထုံးဉပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကုန်းကြမ်းမြို့နယ်၊ ကြူစီပါကျေးရွာအနီး တားမြစ်ချိန်ကျော်လွန် သွားလာသည့် မော်တော်ယာဉ် အား တားဆီးစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်၊ ကြူစီပါကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် ကြူစီပါကျေးရွာဘက်မှ စေခေါက်ကျေးရွာဘက်သို့ မောင်းနှင် လာသည့် Vigo Hilux အမျိုးအစား မော်တော်ယာဉ်အမှတ် KK/A---- အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန် အချက်ပြရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်း မရှိသဖြင့် လက်နက်ငယ်ဖြင့် ၃ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်။ ထို့သို့ ခြောက်လှန့်ပစ်ခတ်သည့်တိုင် မော်တော်ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အရှိန်ပြင်းစွာမောင်းနှင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ထပ်မံပစ်ခတ်တားဆီးခဲ့ရာမှ မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့သည်။
အဆိုပါ မော်တော်ယာဉ်အား သွားရောက်စစ်ဆေးရာ မော်တော်ယာဉ် မောင်းနှင်သူ ဉီးဆွတ်တာပါး၊ ဉီးကြူကျုံးယုံနှင့် မလီရင်းချောင် တို့ကို လက်နက် ငယ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရပြီး မကျူဇူးဆိုက်၊ မောင်ကျူတာ ကော့ နှင့် မကျူယွန်းဖျင် တို့ကို လက်နက်ငယ်ထိမှန်ဒဏ်ရာများနှင့် တွေ့ရှိခဲ့ရ သည်။
အဆိုပါဒေသသည် ရာဇဝတ်ကျင့်ထုံးဉပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိပြီး “ည ၉ နာရီမှ နံနက် ၅ နာရီအထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာခြင်းမပြုရ” ထုတ်ပြန်ထားသည့် ဒေသဖြစ် သည်။ ယင်းဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အမှောင် ထုကို အကာအကွယ်ယူ၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခြင်းများလုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း သတ်မှတ် ထားသည့် အချိန်ထက်ကျော်လွန်၍ သွားလာခြင်းဖြစ်သည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရန်အတွက် မော်တော်ယာဉ်အား ရန်တန့်ရန် ကောင်းမွန်စွာ တားဆီးခဲ့သော်လည်း ရပ်တန့်ပေးခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် များအား အန္တရာယ်ဖြစ်စေရန် အရှိန် ပြင်းစွာ မောင်းနှင်လာခြင်းဖြစ်သဖြင့် မလွှဲ သာမရှောင်သာ ပစ်ခတ်တားဆီးခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သူများအား သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား လောက်ကိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်း သတင်းရရှိသည်။