ရီးယဲလ်တိုက်စစ်မှူး လူကာဂျိုဗစ်ချ် ဖရန့်ဖတ်အသင်းသို့ အငှားသွားကစား

 

ရီးယဲလ်အသင်းတိုက်စစ်မှူး လူကာဂျိုဗစ်ချ်သည် အသင်းဟောင်းဖရန့်ဖတ်ထံသို့ ရာသီကုန်အထိ အငှားဖြင့်ပြောင်းရွှေ့ကစားရန်  သဘောတူညီမှုရရှိခဲ့သည်။  လူကာဂျိုဗစ်ချ်သည် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ဖရန့်ဖတ်အတွက် ပွဲပေါင်း ၄၈ ပွဲကစားပေးရာတွင် ၂၇ ဂိုးသွင်းနိုင်ခဲ့ပြီး ရီးယဲလ်သို့ ရောက်ရှိပြီးမှ  ခြေစွမ်းပျောက်ဆုံးကာ   ပွဲထွက်ကစားခွင့်ပုံမှန်မရဘဲ ဘင်ဇီမာနှင့်  မာရီယိုဒီယက်ဇ် တို့နောက်  တတိယဦးစားပေးတိုက်စစ်မှူးဖြစ်နေသည့်အတွက် ဖရန့်ဖတ်အသင်းသို့ ရာသီကုန်အထိ အငှားဖြင့် သွားကစားခဲ့ရခြင်းဖြစ်သည်။

ဂျိုဗစ်ချ်သည် ၂၀၁၉ ခုနှစ်တွင် ဖရန့်ဖတ်မှ ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီတွင် ရှစ်ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သည်။ ယခုရာသီတွင်လည်း ဂျိုဗစ်ချ်သည် ငါးပွဲသာပွဲထွက် ကစားခွင့်ရခဲ့ပြီး ဒဏ်ရာကြောင့် ပွဲများစွာ နားနေခဲ့ရသဖြင့်  ခြေစွမ်းကောင်းပြန်ရစေရန် ဖရန့်ဖတ်သို့ အငှားစေလွှတ်ခံရခြင်းဖြစ်သည်။