ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ဘုရားစေတီတော်၌ မြေထိန်းနံရံများ တည်ဆောက်ခြင်း လုပ်ငန်းများကူညီဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၄
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ဆုတောင်းပြည့် ခလဲပင်စေတီတော်သည် စေတီတော်ဘေးရှိ သဘွတ်ချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါကမ်းပါးပြိုကျမှုကြောင့် စေတီတော်ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် မြေထိန်းနံရံတည်ဆောက်ခြင်းနှင့်ပြန်လည်မွမ်းမံရေးလုပ်ငန်းများကို ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကလိန်အောင်တပ်နယ်မှ တပ်မတော်သား များက ကူညီဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါစေတီတော်အား ရေတိုက်စားမှုဒဏ် ခံနိုင်ရန် ဇူလိုင် ၁၃ ရက်မှစတင်၍ တပ်နယ်မှ တပ်မတော်သားများက မြေထိန်းနံရံများ ကျောက်စီခြင်းနှင့် ဘိလပ်မြေလောင်း၍ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းများ ဆောင်ရွက် ပေးခဲ့သော်လည်း ယခုအခါ သဘွတ်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား ထပ်မံ ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။