ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် လှိုင်းဘွဲမြို့၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် လှိုင်းဘွဲမြို့၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၄

          ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးအဆက်မြပြတ်ရွာသွန်းမှုကြောင့် လှိုင်းဘွဲမြို့အတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ တင်ကျန်ခဲ့သော ရွံ့နွံများနှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။