ရေးဗားပလိတ်အသင်း တောင်အမေရိကချန်ပီယံလိဂ်ပွဲစဉ်ကို လူစားဝင်ကစားသမားမရှိ ဂိုးသမားမပါဘဲ ကစားခဲ့ရသော်လည်း နိုင်ပွဲရရှိ

ဗျူနိုအေးရိစ်၊ ဘောလုံး

တောင်အမေရိကချန်ပီယံလိဂ် (ကိုပါလေဘာတိုး)ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မေ ၁၉ ရက်က ကစားသည့် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းနှင့် ကိုလံဘီယာကလပ် အင်ဒီပန့်ဒီယန်အသင်းတို့ပွဲစဉ်တွင် ရေးဗားပလိတ်အသင်းက လူစားဝင်ကစားသမား မရှိ၊ ဂိုးသမားမပါဘဲ ကစားခဲ့ရသော်လည်း ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်မတိုင်မီ ရေးဗားပလိတ်အသင်း၌ ကစားသမားလေးဦး COVID-19 ရောဂါကူးစက်မှုမှ စတင်ပြီး  အသင်းမှကစားသမား ၂၀ ဦးအထိ  စောင့်ကြပ်ကြည့်ရှုခံခဲ့ရသည့်အတွက် အသင်း၌ ပွဲထွက်ကစား သမား ၁၁ ဦးသာ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စောင့်ကြပ်ကြည့်ရှုခံခဲ့ရသော ကစားသမား ၂၀ ဦးတွင် ဂိုးသမားလေးဦး စလုံးပါဝင်ခဲ့သည့်အတွက် ပွဲကစားရန် ဂိုးသမားတစ်ဦးမျှမရှိသဖြင့် ရေးဗားပလိတ်အသင်းက ပွဲစဉ်ရွှေ့ဆိုင်းပေးရေး တောင်းဆိုခဲ့ သော်လည်း  တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့သည်။

ရေးဗားပလိတ်အသင်းက အဆိုပါပွဲစဉ်တွင် ဂိုးသမားနေရာ၌ ကွင်းလယ်ကစားသမား အန်ဇိုပီရက်ကို ထည့်သွင်းအသုံးပြုခဲ့ရပြီး ပွဲချိန်အတွင်း ပီရက်ဒဏ်ရာရရှိခဲ့သဖြင့် လူစားဝင်ကစားသမားမရှိသောကြောင့် ဂိုးသမားမပါဘဲ   ပွဲချိန်ပြည့်သည်အထိ   ဆက်လက်ကစားခဲ့ရကြောင်း သိရသည်။

Ref;Goal.com