ရွှေဂွန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌  စုပေါင်း သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်  ဧပြီ  ၅

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ   ရပ်ဆိုင်းထားရာမှ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့အတွက်  သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့်  လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှုများကို   ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက  ကျောင်းဝင်းအတွင်း/ အပြင်ရှိ   ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ဆောင်များ အတွင်း/အပြင် သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။