နေပြည်တော် မတ် ၁၇
COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက်ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များယာယီရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာဖူးမြော်၊ ဝတ်ပြု၊ကြည်ညိုတရား ဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊နေပြည်တော်ကောင်စီနယ်မြေ၊ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်း ကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူ ဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူဝတ်ပြုကြည်ညိုနိုင်ရေး အတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)