ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိဘုရား၊ စေတီပုထိုးများ၊ အခြား ဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညို လျက်ရှိ

နေပြည်တော် ဧပြီ ၂

ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင်သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးတို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် မိဘပြည်သူများက ဖူးမြော်ကြည်ညို ကုသိုလ်ယူ လျက်ရှိကြသည်။

ထို့ပြင် သက်ဆိုင်ရာဘာသာရေးကျောင်းများတွင်လည်း ဘာသာဝင်များက စိတ်အေးချမ်းသာစွာ လာရောက် ဝတ်ပြုလျက်ရှိကြကြောင်း သတင်းရရှိသည်။

(၁၀၀)