နေပြည်တော်၊ ဧပြီ - ၂၀
COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင် ဗုဒ္ဓဘာသာ ဘုရားစေတီများအပါအဝင် အခြားဘာသာများအလိုက် ဘာသာရေးကျောင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ယနေ့တွင်လည်း ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များတွင် ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများက စည်ကားသိုက်မြိုက်စွာ ကုသိုလ်ယူ ဖူးမြော်ကြည်ညိုလျက်ရှိကြသည်။
အလားတူ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင်လည်း သက်ဆိုင်ရာဘာသာဝင် များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက် ရှိှိကြောင်း သတင်းရရှိသည်။