ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့မှ ဒေသခံပြည်သူများနှင့် ပုသိမ်မြို့၊ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်  ဧပြီ  ၁၉

COVID-19 ရောဂါ    ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့်   ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန် အတွက် နယ်မြေခံ တပ်မတော်သားများက    ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊  အမှတ်(၁)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့်  အမှတ်(၈)ရပ်ကွက်များ အတွင်းရှိ အိမ်ထောင်စု ၃ဝဝဝ စုတို့ အတွက် ဆန်၊ ဆီ၊ ပဲများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ  နယ်မြေခံ တပ်မတော်သား များက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့   ပေးအပ်ခဲ့ကြ သည်။

အလားတူ  အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ  တာဝန်ရှိသူများကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အဝရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများအား   ယနေ့တွင် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။