ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မြောက်ဉက္ကလာပမြို့နယ်တို့၌ ဆူပူအောင်ဟစ်ကြိမ်းမောင်းမှု၊ မော်တော်ယာဉ် မီးရှို့မှုနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဇွန် - ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သီတာ(၃)လမ်း ရှိ မ/၆၄(ခ)နေ ဦးသိန်းအေး နှင့် ဒေါ်လှလှဝင်း တို့၏ နေအိမ်ရှေ့၌ မတ် ၁၃ ရက်မှ ၁၅ ရက်အထိ ညွန့်လွင်(ခ) မောင်ညွန့်(ဘ)ဦးအေး၊ နီလာစိမ်း(ဘ)ဦးရွှေလင်း၊ ဖြိုးဝေ(ခ) ဖြိုးဝေလွင်(ဘ)ဦးညွန့်လွင်၊ ပပဝင်း(ခ)ဖြိုးပပသိန်း(ဘ)ဦးသောင်းညွန့်၊ ညီညီ(ဘ) ဦးမြင့်လွင်၊ ငပိန်(ခ)အာကာလင်း (ဘ)ဦးကိုသန်းတင်၊ ထွန်းကြည်(ဘ)ဦးခင်မောင်၊ ကြည်သာဦး(ဘ)ဦးထွန်းကြည်၊ ခင်အောင်(ဘ)ဦးအောင်ညွန့်၊ သီဟကို(ဘ) ဦးအောင်မျိုးဦး နှင့် ဇော်ထူး(ဘ)ဦးဇော်နိုင် တို့က ဆူပူအော်ဟစ်ကြိမ်းမောင်းပြီး အများ ပြည်သူကို ထိတ်လန့်စေမှုပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၅၂ အရ ၎င်းအား ဇွန် ၁၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်” အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ဖြိုးဝေ(ခ)ဖြိုးဝေလွင်၊ ပပဝင်း(ခ) ဖြိုးပပသိန်း၊ ညီညီ၊ ငပိန်(ခ)အာကာလင်း၊ ထွန်းကြည်၊ ကြည်သာဦး၊ ခင်အောင်၊ သီဟကို နှင့် ဇော်ထူး တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့နှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၆) လမ်းဆုံမီးပွိုင့်၌ မတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အောင်မျိုးဦး(ခ)ဝက်စီးကုလား (ဘ)ဦးမောင်မောင်လေး၊ ဂျစ်တူး(ဘ)ဦးထွန်းကြွယ် နှင့် ပြည့်ဖြိုးဝင်း(ခ)မဲမဲကြီး(ဘ) ဦးဝင်းမင်းထိုက် တို့သည် သဲအိတ်များဖြင့် လမ်းအတားအဆီးပြုလုပ်၍ ဆူပူဆန္ဒပြ နေစဉ် ဘုန်းကြီးကျောင်းအကွေ့မှ မောင်းနှင်လာသော NISSAN ADVAN Taxi အဖြူ ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးပြီး ယာဉ်အတွင်းမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အား တွေ့ရှိသဖြင့် အပြင်ထွက်ခိုင်းပြီး မော်တော်ယာဉ်အား ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၅ အရ ၎င်းတို့အား ဇွန် ၁၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ် ” အမိန့်ချမှတ်ခဲ့သည်။
၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာ ကြီးရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် သိဒ္ဓိရှင်လမ်းထောင့်၌ စိုက်ထူထားသော ဓာတ်တိုင်ရှိ မီတာပုံးအား မတ် ၁၇ ရက် နံနက် ၅ နာရီခွဲခန့်တွင် အောင်ဖြိုးကျော်(ခ) ကုလားကြီး(ဘ)ဦးသန်းဇော်ဦး က အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ခြင်းဖြင့် ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးမှုပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်သူပိုင်အကျိုးဖျက်ဆီးမှုဆိုင်ရာ ဉပဒေပုဒ်မ - ၆(၁)အရ ၎င်းအား ဇွန် ၁၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ” အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ သမဝါယမရုံး အား ဧပြီ ၄ ရက် နံနက် ၄ နာရီခန့်တွင် ကျော်ကျော်ထွန်း(ခ)ကျော်လေး(ဘ) ဦးထွန်းထွန်း၊ ဖြိုးနိုင်(ခ)ကိုဖြိုး(ဘ)ဦးလွင်နိုင်၊ မင်းဝေလျှံဖြိုး(ခ)မင်းသက်ခိုင်(ခ) ဘေသား(ဘ)ဦးမြင့်မောင်မောင်၊ အောင်သူဟိန်း၊ မြတ်ကို(ခ)ယုန်လေး၊ မင်းချမ်းမြေ့ နှင့် ရဲပြည့်စုံ(ခ)ကိုရဲ(ဘ)ဦးခင်ကျော် တို့က မှန်တံခါးအားရိုက်ခွဲကာ ရုံခန်းအတွင်းသို့ ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြင့် ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးမှုပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်သူပိုင်အကျိုးဖျက်ဆီးမှုဆိုင်ရာ ဉပဒေပုဒ်မ - ၆(၁)အရ ၎င်းအား ဇွန် ၁၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ” အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် အောင်သူဟိန်း၊ မြတ်ကို(ခ) ယုန်လေး၊ မင်းချမ်းမြေ့ နှင့် ရဲပြည့်စုံ(ခ)ကိုရဲ တို့သည် ထွက်ပြေးလွတ်မြောက် နေသဖြင့် ၎င်းတို့နှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။