နေပြည်တော်၊ မေ - ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ ကျော်ဌေးအား မတ် ၁၄ ရက်တွင် ထွန်းကိုကို(ခ)ကိုကို(ဘ)ဦးလှနိုင်၊ သီဟကျော်တင့် (ဘ)ဦးကျော်တင့်၊ ကျော်ပု(ခ)အောင်ကျော်စိုး(ဘ)ဦးစော၊ ဇာနည်(ခ)ဇာနည်ဌေး နှင့် အောင်ကျော်မြင့်(ဘ)ဦးစိန်မြ တို့က ရိုက်နှက်စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီး သီဟကျော်တင့်၊ ကျော်ပု(ခ)အောင်ကျော်စိုး၊ အောင်ကျော်မြင့်နှင့် ဇာနည်(ခ) ဇာနည်ဌေး တို့က ဓားဖြင့်ခုတ်သဖြင့် ကျော်ဌေးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံး ခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး(Martial Law)စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/၃၄ အရ ၎င်းတို့အား မေ ၂၇ ရက်တွင် “ သေဒဏ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက် သီဟကျော်တင့်၊ ကျော်ပု(ခ) အောင်ကျော်စိုး၊ ဇာနည်(ခ)ဇာနည်ဌေး နှင့် အောင်ကျော်မြင့် တို့သည် ထွက်ပြေး လွတ်မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရုံးရှေ့ ကားမှတ်တိုင်အနီး ရှိ “မြင့်မိုရ်”တည်းခိုခန်း၌ ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် အမျိုးသမီး ငယ်တစ်ဦးအား ဝေမိုးအောင်(ခ) အကြီးကောင်(ဘ)ဦးမျိုးမြင့်ဦး က အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ပြီး မုဒိန်းမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၇၆(၁) အရ ၎င်းအား မေ ၂၇ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။