ရန်ကုန်၊ အားကစား
COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းထားသည့် အာရှရုံတွင်းနှင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်မှ ၂၀ ရက်အတွင်း ပြန်လည်ကျင်းပရန်စီစဉ် ထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မူလက ယခုနှစ် မေ ၂၁ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် ချောင်ဘူရီမြို့ တို့၌ ကျင်းပရန်စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံ၌ COVID-19 ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးသောကြောင့် ၂၀၂၂ ခုနှစ် မတ်လသို့ ရွှေ့ဆိုင်းကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အာရှအိုလံပစ်ကော်မတီသည် ယခင်က အာရှရုံတွင်းနှင့် အာရှကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပြိုင်ပွဲ တို့ကို သီးခြားစီကျင်းပခဲ့သော်လည်း ၂၀၁၃ ခုနှစ် မှစ၍ ပြိုင်ပွဲနှစ်ခုပေါင်းကာ လေးနှစ်တစ်ကြိမ် ကျင်းပ နေခြင်းဖြစ်သည်။
ပြိုင်ပွဲ၌ ဘတ်စကက်ဘော၊ ကြက် တောင်၊ ဘိလိယက်၊ ြဌြ စက်ဘီး၊ ဘိုးလင်း၊ ချက်စ်၊ ဖူဆယ်၊ ကရာတေး၊ မွေထိုင်း၊ သေနတ်ပစ်၊ ရုံတွင်းဟော်ကီ၊ ဂျူဂျစ်ဆု၊ ကစ်ဘောက်ဆင်၊ နက်ဘောနှင့် ပိုက်ကျော်ခြင်း စသည့် အားကစားနည်း ၂၉ မျိုးပါဝင်မည်ဖြစ်သည်။
မြန်မာအားကစားအဖွဲ့သည် ယင်း ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တောင်ကိုရီး ယားနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု သုံးခုရရှိခဲ့သော်လည်း တာမင် နစ္စတန်နိုင်ငံ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ်ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ကြောင်း သိရသည်။
ကိုရဲ