ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
နေပြည်တော်၊ ဧပြီ - ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် အစည်း အဝေးသို့ တက်ရောက်လာကြသူများက ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေး နွေးတင်ပြကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။