ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကျဆင်းရေး၊ ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာ - ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါကျဆင်းရေး၊ ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကျဆင်းရေး၊ ကျောင်းသား၊ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။