ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်လှစ်

နေပြည်တော်၊ မေ - ၁

ရှမ်းပြည်နယ်အစိုးရရံပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် အဆိုပါရေအားလျှပ်စစ်စက်ရုံ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒေသခံ ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့သည့် ဆိုလာ ၅၀ စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံ များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရေအားလျှပ် စစ်စက်ရုံမုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် လျှပ်စစ် ဓာတ်အားလိုင်း စက်ခလုတ်တို့ကို နှိပ်ကာ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရေအားလျှပ်စစ်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။