ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ဂေါက်ကလပ်နှင့် ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ် တို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ဂေါက်ကလပ်နှင့် ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ် တို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၁၃

 
၂၀၂၂ ခုနှစ်၊ မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ဂေါက်ကလပ်နှင့် ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ် တို့၌ အသီးသီးပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပျိုးပင်များကို တက်ရောက်လာကြသူများအား အသီးသီးပေးအပ်ကာ ရေသင်းဝင်းပင်၊ ခါတော်မီပင်၊ ချယ်ရီပင်၊ စိန်ပန်းနီပင်၊ စိန်ပန်းပြာပင်နှင့် ငုချယ်ရီပင် စုစုပေါင်း ၂၁၅၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။