ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဇွန် - ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင် များက တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ကာ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။