ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)၌ အကြမ်းဖက်သူ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်အား လုယက်ယူဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)၌ အကြမ်းဖက်သူ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်အား လုယက်ယူဆောင်

 
နေပြည်တော်၊ စက်တင်ဘာ ၃

 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)၌ အကြမ်းဖက်သူ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်အား လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)ရှေ့သို့ မော်တော် ယာဉ်(စိစစ်ဆဲ) ၁ စီးဖြင့် အကြမ်းဖက်သူ အမျိုးသား ၃ ဦး(စိစစ်ဆဲ) ရောက်ရှိလာ၍ ၁ ဦးမှာ ကားအတွင်း စောင့်နေခဲ့ပြီး ကျန်အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ သေနတ်ကိုင်ဆောင်၍ ဘဏ် အတွင်း ဝင်ရောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အထက်ပါအကြမ်းဖက်လုယက်မှုဖြစ်စဉ်မှ သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။