ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြုလုပ်

 
နေပြည်တော်၊ ဇွန် ၁၃

 
ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ အောင်သစ္စာ စစ်မှုထမ်းဟောင်းခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့် အရန်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက တိုင်းမှူး က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ကို ပေးအပ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဉက္ကဋ္ဌ နှင့် အရန် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။