ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နေ့လယ် ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ် ခန်းမ၌ တွေ့ဆုံသည်။
    
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအတွက် အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။