ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လားရှိုမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် လိုအပ်သော ဆေးဝါးများ ဝယ်ယူရန်အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော ဒေသခံတိုင်းရင်းသားများအတွက် လိုအပ်သော ဆေးဝါးများ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အလှူငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဆေးရုံရှိ အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ က အလှူငွေများ ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌက အလှူငွေကျပ် သိန်း(၄၀၀)အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များ က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ သည် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား လိုက်လံကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။