လက်ပံတန်းမြို့နယ်ရှိ ရဲမှုထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်  ဖေဖော်ဝါရီ ၂ဝ

နိုင်ငံတော်နှင့်   တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင် ရွက်နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့် စားရေးအခက် အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် COVID-19 ရောဂါကာကွယ် ရေးအထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့်   ချီးမြှင့်ငွေများကိုလည်း ကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ် ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လက်ပံတန်းမြို့၊ မြို့နယ်ရဲစခန်း၌ စေတနာရှင် အလှူရှင်များက   ကြက်ဥ၊   ခေါက်ဆွဲ၊ သောက်ရေသန့်များနှင့် စားသောက်ဖွယ်ရာများ လာရောက် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။