လက်ရွေးစင်နည်းပြဘ၀ ပထမဆုံးပွဲမှာပင် ရှုံးပွဲကြုံရသော ဖရန့်ဒီဘိုးဝါး ဝေဖန်မှုများကို တုံ့ပြန်

ရော်နယ်ကိုးလ်မန်း  ဘာစီလိုနာနည်းပြအဖြစ်  ပြောင်းရွှေ့တာဝန်ယူခဲ့သည့်အတွက် နယ်သာလန်လက်ရွေးစင် နည်းပြနေရာတွင် အစားဝင်ခဲ့သည့် ဖရန့်ဒီဘိုးဝါး၏ နိုင်ငံနည်းပြအဖြစ် ပထမဆုံးပွဲမှာပင် မက္ကဆီကိုအသင်း ကို ၁ ဂိုး- ဂိုးမရှိဖြင့်  ရှုံးနိမ့်ခဲ့သည့်အတွက် ဝေဖန်မှုများ ရှိလာရာ ဖရန့်ဒီဘိုးဝါးက ခြေစမ်း ပွဲတစ်ပွဲတွင်သာ ရှုံးခဲ့ခြင်းဖြစ်၍  မိမိသည် နည်းပြဘဝပထမဆုံးပွဲတွင်  ရှုံးပွဲကြုံသော ပထမဆုံးနည်းပြမဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ဖရန့်ဒီဘိုးဝါးသည် အင်တာမီလန်အသင်း ကိုနည်းပြရာတွင်   ၈၅   ရက်အကြာ၌ ရလဒ်များဆိုးရွားသည့်အတွက်   ထုတ်ပယ်ခံရကာ ပဲလေ့စ်အသင်းကို  နည်းပြရာတွင်လည်း ခုနစ်ပွဲသာ ကိုင်တွယ်ခွင့်ရပြီး ရှုံးပွဲများ ဆက်ခဲ့၍ ရာထူးမှ ထုတ်ပယ်ခံရသည့်သမိုင်း ဆိုးရှိခဲ့သည်။  အောက်တိုဘာ  ၇ ရက်က  ကစားခဲ့သည့်   နယ်သာလန်နည်းပြအဖြစ် ပွဲဦးထွက်တွင်လည်း     မက္ကဆီကိုအသင်းအတွက် ဝုဗ်တိုက်စစ်မှူး ဂျီမီးနက်ဇ်က ပွဲချိန် မိနစ် ၆၀ တွင် ပယ်နယ်တီမှ အနိုင်ဂိုးသွင်း ခဲ့သဖြင့် ဖရန့်ဒီဘိုးဝါးသည် ပွဲဦးထွက်မျက်နှာ ပန်းမလှဖြစ်ခဲ့ရပြန်သည်။

ဂျိုဟန်ခရိုက်ဖ်ကွင်း၌   ယှဉ်ပြိုင်ကစား ခဲ့သော ထိုပွဲအပြီး ဖရန့်ဒီဘိုးဝါးက ဆိုးရွားတဲ့ ခံစားချက်တော့ ရှိတာပေါ့။   ကျွန်တော်လည်း   အမြဲနိုင်ပွဲရချင်တာပဲ။  ဒါပေမဲ့ ကျွန်တော်က သေချာတဲ့ ကစားသမားရွေးချယ်မှုကို  လက်တွေ့ကျကျ ရွေးချယ်ယှဉ်ပြိုင်ခဲ့ တဲ့ပွဲပါ ဟု တုံ့ပြန်ခဲ့သည်။  

   Ref:Dailymail