လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် - ၂၅
    
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ က ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိရာ ယနေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှ တူမီးသေနတ် ၃၃ လက်အား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
    
ထိုကဲ့သို့ ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ်သေနတ်များနှင့် ဆက်စပ် ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။