လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၈

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

ထိုသို့အပ်နှံခဲ့ရာတွင် ဇွန်လ ၇ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှလက်လုပ်သေနတ်ကိုယ်ထည် ၁ ခုအားလည်းကောင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လှည်းပြင်တင်ကျေးရွာမှ လက်လုပ်သေနတ် ၁၀ လက်၊ ပြောင်းပို အဟောင်း ၂ ခု၊ ယမ်းမှုန့်ဗူး ၁ ဗူးတို့အား လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် ကြိုးကြာကျေးရွာမှ လက်လုပ်လေ သေနတ် ၅ လက်တို့အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စနစ်တကျ လက်ခံရယူခဲ့ပြီး သိမ်းဆည်းထားရှိ ကြောင်း သတင်းရရှိသည်။