လက်လုပ်သေနတ်များ၊ ဒူးလေးနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ မတ် - ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ မတ် ၃၀ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား သည်။

ယင်းသို့ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘော ပေါက်ကာ တူမီးသေနတ် ၇ လက်နှင့် လက်လုပ်သေနတ် ၁၁ လက်တို့အား ၎င်းင်းတို့သဘော ဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက်အပ်နှံခဲ့ကြသည်။

အလားတူ မတ် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးက ကော်ဒိုင်းကာ ၁၇ ခုနှင့် ရေတိုင်ကီအဖုံး လက်ကိုင် ၅ ခုကို ၎င်းင်း၏သဘော ဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။