လပ္ပတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်
နေပြည်တော်၊ မတ် - ၂၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ် ၂၂ ရက်နေ့စ၍ လေပြင်းတိုက်ခတ်မှု များကြောင့် လပ္ပတ္တာမြို့နယ်၊ ကုန်းကြီးကျေးရွာ၊ ရေကျော်ဝကျေးရွာ၊ မော်လမြိုင်ကျွန်း မြို့နယ်၊ လှိုင်းဘုန်းကျေးရွာ၊ အလယ်ရေကျော်ကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာများရှိ မုန်တိုင်းသင့်ပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ပါပုံးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။