လပွတ္တာမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

လပွတ္တာမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ပျဉ်းမကုန်း ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဧပြီ ၂၄ ရက်နှင့် ယနေ့တို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က ပျဉ်းမကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
ထိုသို့‌ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးအဖွဲ့က သံဃာတော် ၅ ပါးနှင့် ဒေသခံပြည်သူ ၅၇၀ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဆေးဝါးကုသပေးခြင်းများနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာ၊ သာသနာ့ဇေယျုံကျောင်းတိုက်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်၍ အဆိုပါကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကဉ္စန အား ဖူးမြော်ပြီး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။