လပွတ္တာမြို့၊ မြတ်တိဂုံလောကနိဗ္ဗာန် စေတီတော်၌ (၁၉)နှစ်၊ (၁၉)ကြိမ်မြောက် ဝါတွင်း ၃ လ၊ အသံမစဲ အဘိဓမ္မာ ၇ ကျမ်း၊ ပဋ္ဌာန်းဒေသနာတော် ကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲနှင့် ရှင်အရဟံ(၁၀၀၅)နှစ်ပြည့် ပူဇော်ပွဲ ပြုလုပ်

လပွတ္တာမြို့၊ မြတ်တိဂုံလောကနိဗ္ဗာန် စေတီတော်၌ (၁၉)နှစ်၊ (၁၉)ကြိမ်မြောက် ဝါတွင်း ၃ လ၊ အသံမစဲ အဘိဓမ္မာ ၇ ကျမ်း၊ ပဋ္ဌာန်းဒေသနာတော် ကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲနှင့် ရှင်အရဟံ(၁၀၀၅)နှစ်ပြည့် ပူဇော်ပွဲ ပြုလုပ်

 
နေပြည်တော်၊ ဇူလိုင် - ၁၄

 
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ ရှင်စောမြတ်စေတီတော်ပရိဝုဏ်အတွင်း မြတ်တိဂုံလောကနိဗ္ဗာန် စေတီတော်၌ ပြုလုပ်သည့် (၁၉)နှစ်၊ (၁၉)ကြိမ်မြောက် ဝါတွင်း ၃ လ၊ ရက်ပေါင်း ၉၀ အသံမစဲ အဘိဓမ္မာ ၇ ကျမ်း၊ ပဋ္ဌာန်းဒေသနာတော် ကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲနှင့် ရှင်အရဟံ(၁၀၀၅)နှစ်ပြည့် ပူဇော်ပွဲကို ယနေ့နေ့ လယ်ပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ပင်မနယ်လှည့်သစ္စာ ဓိဋ္ဌာန်စတုဒီသာ နတ်စင်တစ်ရာ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နတ်စင်တစ်ရာ ဆရာတော် ထံမှ ဩဝါဒကထာ နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လပွတ္တာမြို့၊ ဘုရားကြီးကုန်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရ ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြကြောင်း သတင်းရရှိသည်။