နေပြည်တော်၊ အောက်တိုဘာ - ၂၃
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ သွေးလှူဘဏ်များ၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် သံဃာတော်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်း သွေးလှူဒါန်း ပေးလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသား သွေးဌာနအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည် ၄၁ ဦးက မှော်ဘီမြို့နယ်၊ တပ်နယ်ခန်းမ၌ စုပေါင်း သွေးလှူဒါန်းကြသည်။
သွေးလှူဒါန်းနေမှုများကို တိုက်ကြီးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် အမျိုးသားသွေးဌာနမှ ဆရာဝန်များနှင့်သူနာပြုများ အတွက် စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Mask ၂၀၀ ခုနှင့် Hand Wash ၂ ဘူးတို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သွေးလှူဒါန်းမှုနှင့်ပတ်သက်၍ ဝမ်းသာပီတိ စကားသံများကို ယခုလိုကြားသိ ခဲ့ရပါသည်-
''ကျွန်တော်သွေးလှူတာ ဒါနဲ့ဆိုငါးကြိမ် ရှိပါပြီ။ ကျွန်တော်လှူရတဲ့ရည်ရွယ်ချက် ကတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က သွေးနဲ့ လူတစ်ဖက်သား ကျန်းမာရေးကောင်း ကောင်းနဲ့ အသက်ရှင်သန်သွားတယ်ဆိုရင် ပီတိ အရမ်းဖြစ်ပါတယ်။ ကျွန်တော့်ခန္ဓာ ကိုယ်တည်မြဲနေသမျှကာလပတ်လုံး ဒီသွေးကို လှူသွားမယ်လို့ ရည်ရွယ် ထားပါတယ်။ တပ်မတော်သားအနေနဲ့ ယူနီဖောင်းကို ဝတ်ပြီးတော့ လှူဒါန်းရတဲ့အတွက် ပီတိလည်း အရမ်းဖြစ် ပါတယ်။ ဝမ်းလည်းဝမ်း သာပါတယ်။ နောက်ထပ်လည်း ဆက်လက် ပြီးတော့ သွေးလှူဒါန်းသွားမှာပါ။ ခန္ဓာ ကိုယ်အစိတ်အပိုင်းလည်း လှူလို့ရရင် လှူ သွားမှာပါ''ဟု ဒုတိယတပ်ကြပ်ကျော်လင်း ကပြောသည်။
''သွေးလှူဖို့အတွက် ဦးဆောင်ပေးတဲ့သူ၊ ခွင့်ပြုပေးတဲ့သူ၊ ဝိုင်းဝန်းထောက်ပံ့ပေးတဲ့ လူတွေနဲ့ အတူတူလှူဒါန်း ပေးတဲ့ တပ်မ တော်သားတွေအားလုံး ဆရာမတို့ပြည်သူ တွေအကုန်လုံးက ပြည်သူတွေချည်းပါပဲ။ ဆရာမတို့ အတူတူပါပဲ။ မတူတာက အသက် မွေးဝမ်းကျောင်းပဲ မတူတာပါ။ တူနေတာ ကတော့ ဆရာမတို့ ကျန်းမာ နေကြတယ်။ ဆရာမတို့လို မကျန်းမာတဲ့သူတွေကို ပေါင်းပြီးတော့ ဆရာမတို့က နည်းပညာအကူ အညီပေးတယ်။ သွေးလှူတဲ့သူတွေက သွေးနဲ့ထောက်ပံ့ပေးတယ်။ ခွင့်ပြုပေးတဲ့၊ ဦးဆောင်ပေးတဲ့သူတွေက သူတို့ရဲ့လုပ်ပိုင် ခွင့်နဲ့ ဆရာမတို့ကို ထောက်ကူပေးတယ်။ အကုန်ပေါင်းလိုက်တာကတော့ ဆရာမ တို့လို ကံမကောင်းတဲ့လူနာတွေကို ထောက် ကူတာဖြစ်တဲ့အတွက်ကြောင့် ဆရာမတို့ အခုလို တစည်းတလုံးလိုတဲ့ အချိန်တိုင်းမှာ အထောက်အကူ ပေးနေတဲ့ တပ်မတော်သား တွေကို လူနာများကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်''ဟု ဒေါက်တာသီတာ အောင် ဒုတိယညွှန်ကြားရေးမှူးချုပ်(အမျိုး သားသွေးဌာန)ကပြောသည်။