လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမား ခုနစ်ဦးခန့်ကို မန်ယူအသင်း ရောင်းချရန် ပြင်ဆင်ထား

လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမား ခုနစ်ဦးခန့်ကို မန်ယူအသင်း ရောင်းချရန် ပြင်ဆင်ထား

မန်ယူအသင်းသည် လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် မာရှယ်နှင့် ဗန်ဒီဘိခ်တို့ အပါအဝင်    ကစားသမား ခုနစ်ဦးခန့် ရောင်းချရန် ပြင်ဆင်ထားကြောင်း သိရသည်။

မန်ယူအသင်းသည်     နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက ထိပ်တန်း ကစားသမားများ ဖြစ်သည့် ဆန်ချို၊ ဗာရာနီနှင့် စီရော်နယ်ဒိုတို့ကို ခေါ်ယူခဲ့ပြီးနောက် ကစားသမားတချို့ကို    ပြန်လည် ရောင်းချရန် ပြင်ဆင်ခဲ့သော်လည်း အပြောင်းအရွှေ့ ကာလပြီးဆုံးသွားသည့်အတွက်    မရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ   မန်ယူအသင်းက  လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းနှင့်  အနာဂတ် မရေမရာဖြစ်နေသည့်  ကစားသမားများ ဖြစ်သော  လင်ဂတ်နှင့် မာရှယ်တို့အပါအဝင် ဗန်ဒီဘိခ်၊ ဖီးလ်ဂျုံး၊ ဘိုင်လီ၊ ဒါလော့နှင့် တဲလက်စ်တို့ကိုပါ ရောင်းချရန် ပြင်ဆင်လာခြင်းဖြစ်သည်။

လက်ရှိတွင်  လင်ဂတ်အနေဖြင့်   ယခုဘောလုံး ရာသီကုန်ဆုံးလျှင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ် သည့်အတွက် စာချုပ်သက်တမ်း တိုးရန် အဆင်မပြေ ဖြစ်နေမှုကြောင့် ရောင်းချရန် ပြင်ဆင်ထားပြီး ဗန်ဒီဘိခ် ကိုယ်တိုင်ကလည်း အသင်းတွင် ပွဲထွက်ခွင့် မရရှိခဲ့သည့်အတွက်  အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုထားခြင်းကြောင့် ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အလားတူ   တခြားကစားသမားများ ဖြစ်သည့်  ဘိုင်လီ၊ ဖီးလ်ဂျုံး၊ ဒါလော့နှင့် တဲလက်စ်တို့ကိုလည်းအသင်းတွင် နေရာပေးရန် ခက်ခဲနိုင်မည့် အခြေအနေများကြောင့် လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ပြင်ဆင်ထားကြောင်း သိရသည်။                   

 Ref;Planet Football